အခန်း(၆)

1.8K 219 11
                                    


ဆရာမပြောတဲ့စကားတွေကို ကူးကူးယုံနိုင်စွမ်းမရှိ။ဒါပေမယ့် ဉာဏ်မီသလောက် စဥ်းစားကြည့်တော့လည်း ဆရာမရဲ့ထူးခြားတဲ့အပြုအမူတွေကသက်သေပင်။ခင်မင်ရင်းနှီးနေသော အစ်မတစ်ယောက်လိုချစ်ခင်ရသော သူက လွန်ခဲ့တဲ့ကိုးနှစ်လောက်က ဆုံးသွားပြီဆိုတဲ့စကားက ရင်ဝကိုဆူးချွန်တွေနဲ့ထိုးနှက်နေသလိုပင်။ကြောက်စိတ်ထက်သနားကရုဏာသက်မိသည်။တကယ်မဟုတ်ပါစေနဲ့လို့အကြိမ်ကြိမ်ကြိတ်ပြီးဆုတောင်းနေမိသည်။အကယ်၍သာ မမက သေဆုံးပြီးသားလူတစ်ယောက်ဆိုရင်ရော ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးတွေက ဦးနှောက်တစ်ခုလုံးကိုထူပူနေစေသည်။

မွှေးရနံ့ လည်းသတိလစ်သွားရာမှ ပြန်၍သတိလည်လာသည်။ထို့ကြောင့် ဒေါ်ထားထားခင် လည်းအကြောင်းစုံကိုသိချင်လာသည်။

"ဆရာမရယ်....သေပြီးသားလူတစ်ယောက်က မိကူးကိုစာပေးခိုင်းတယ်ဆိုတာဖြစ်နိုင်ပါ့မလား..မိကူးညာနေတာလား..ဒါမှမဟုတ်..."

"ကျွန်မမညာပါဘူး..အန်တီ....ဟန်တေလာဆိုတာ ကိုးတန်းနှစ်မှာကျွန်မတို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသူအသစ်ပါ....အဖြစ်ကဒီလိုပါ......"

"လွန်ခဲ့သော ဆယ်နှစ်ခန့်လောက်က...."

ကျောင်းတွေဖွင့်ပြီး တစ်ပတ်လောက်ကြာတော့ အ.ထ.က.(၂) ဇဗ္ဗူကုန်းမြို့နယ်သို့ ကျောင်းသူအသစ်ပြောင်းလာတော့သည်။

"ကဲကလေးတို့.....ဒါကကျောင်းသူအသစ်...ဟန်တေလာတဲ့....."

ရွှေအိုရောင်ဆံပင်ဂုတ်ဝဲလေးနဲ့ကျောင်းစိမ်းအပေါ်မှာ Hoodie ပန်းရောင်လေးကိုဝတ်ပြီး ပြာလဲ့လဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကုတ်ကုတ်လေးရပ်နေသော ဟန်တေလာ....

ဟန်တေလာဆိုတာ မြန်မာမိခင်နဲ့ မြန်မာရောက်အမေရိကန်နိုင်ငံသားတို့ရဲ့ သမီးလေးဖြစ်သည်။ဟန်တေလာက ကပြားဆိုပေမယ့် မြန်မာ့ယဥ်ကျေးမှုတွေကို အရမ်းပင်မြတ်နိုးတန်ဖိုးထားသည်။ဖခင်နာမည်ပါအောင် တေလာထည့်ပေးရသော်လည်းသူမ မ​ကြိုက်ပေ။အိမ်နေရင်းနာမည်ကို လိပ်ပြာလေးဟုသာခေါ်တွင်စေသည်။ထဘီတွေဆိုလည်းမဝတ်တတ် ဝတ်တတ်ဖြင့်ဝတ်ဆင်လေ့ရှိသည်။

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now