အခန်း(၄)

1.8K 210 4
                                    


ဝုန်း...အိမ်ရောက်တယ်ဆို လွယ်အိတ်တွေ ထမင်းချိုင့်တွေကို လွှင့်ပစ်လိုက်ပြီး ဧည့်ခန်းမှာ ရှိုက်ကြီးတငင်ငိုနေသော မှုံနံ့သာကြောင့် ဒေါ်သရဖီ အပေါ်ထပ်မှ ကဗြာကယာဆင်းလာတော့သည်။

"သာသာ..ဘာဖြစ်လာတာလဲ...ဘာလို့ငိုနေတာလဲ..မေမေ့ကို​​ပြောပါအုန်းကွယ်..စိတ်ပူလိုက်တာ.."

"ဟီး...ဟီး...မွှေးရနံ့ကိုမုန်းလိုက်တာ....စာစီစာကုံး မရေးလို့တဲ့ ခုံပေါ်တက်ပြီးမတ်တပ်ရပ်ခိုင်းတယ်.....ဒါသက်သက်မဲ့ သမီးကို ပညာပြတာ...ညကသချ်ာအိမ်စာတွေလုပ်နေရတာနဲ့ မရေးဖြစ်တာကို...ဟီး...ဟီး...ကျောင်းမတက်ချင်တော့ဘူး...အဲ့မိန်းမမျက်နှာ မြင်ရတာ ကျက်သရေမရှိဘူး...ကျောင်း​ပြောင်းမယ်...အဲ့မိန်းမရှိတဲ့ကျောင်းမှာ မတက်ချင်တော့ဘူး..."ရှိုက်ကြီး တငင်ငိုနေသော သမီးဖြစ်သူကြောင့် ဒေါ်သရဖီ့ ဒေါသတွေသည်အထွဋ်အထွပ်သို့ရောက်နေရသည်။

"ဒင်းက ဘာသာရပ်ဆရာမဆိုပြီး ငါ့သမီးကို ပညာပြတယ်ပေါ့..တွေ့ကြသေးတာပေါ့. သရဖီဆိုတဲ့မိန်းမက ဘာကောင်မလဲဆိုတာ ဒင်းသိစေရမယ်...မငိုနဲ့တော့မေမေ့သမီးလေး...မေမေခုပဲ ကျောင်းအုပ်ကြီးအိမ်သွားမယ်...တိတ်တော့နော်..."

ဒေါ်သရဖီ မြို့ထဲ ဟိုနားဒီနားသွားတာတောင် ကားယူသွားတတ်သည်။ဝတ်နိုင်စားနိုင်စီးနိုင်တယ်ဆိုတာကို ဂုဏ်ဖော်ချင်၍ပင်။ခုလည်း ကားယူကာ ကျောင်းအုပ်ကြီးနေရာ လမ်းဆီသို့ကားမောင်းထွက်လာတော့သည်။

"ဟော..ဒေါ်သရဖီ လာတာကိုး...လာပါဗျာ.ကြွပါကြွပါ...." ဦးထွန်းခင်မှာ ကျောင်းအကျိုးဆောင်ဥက္ကဌဖြစ်ပြီးကျောင်းအတွက်လည်း အများကြီးပံ့ပိုးပေးသည်။တစ်ခုခုဆိုဦးဆောင်ဦးရွက်လုပ်ကာ အကုန်ကျခံတတ်သူမို့ကျောင်း အုပ်ကြီးမှာလည်းအားကိုးရသည်။

"ကျွန်မအရမ်းဒေါသထွက်တယ် ကျောင်းအုပ်ကြီးရယ်..."

"ဘာဖြစ်လာလို့လဲဗျ...ပြောစမ်းပါအုန်း.."

"ဘာဖြစ်ရမှာလဲရှင်..ကျောင်းဖွင့်တာဖြင့် ဘယ်နှစ်ရက်မှ မရှိသေးဘူး....မနက်က မွှေးရနံ့က ကျမသမီးကို ခုံပေါ်မတ်တပ်ရပ်ခိုင်းပြီး ဒဏ်ပေးတယ်တဲ့...ကျွန်မသမီး တော်တယ် ထက်တယ်ဆိုတာ ဆရာကြီး အသိပါရှင်....ကလေးက ခုအရမ်းရှက်ပြီး ကျောင်းထွက်ပါတော့မယ်တကဲကဲလုပ်နေတာ....အဲ့ဒါဆရာကြီး တစ်ခုခုတော့ လုပ်ပေးပါအုန်း....နဂိုကတည်းကအရှက်အကြောက်ကြီးတဲ့ကလေး...စိတ်ဒဏ်ရာရသွားရင် ဘယ်နှယ့်လုပ်မတုန်း."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now