40.zgi

1.3K 55 0
                                    

To the future

အပိုင်း(40) space ထဲသို့

လုရှင်းယောင် သူမအမြင်အာရုံတွေကွယ်သွားခဲ့ပြီးထဲက ရှန်းထိုက်ယီရဲ့ငိုကြွေးသံယူကျုံးမရသံတွေကိုသာနားစွင့်နေရပြီး သူမရဲ့အကြားအာရုံတွေပါတဖြေဖြေးချို့ယွင်းလာခဲ့တယ်

သူငိုနေတာ ယူကျုံးမရဖြစ်နေတာ သူမကိုဒီလိုမြင်တွေ့နေရတာဟာ အရမ်းနာကျင်နေလောက်တယ်

သူမသူ့ကိုထပြီးနှစ်သိမ့်ပေးချင်ပေမဲ့လဲ ဘာမှမတတ်နိုင်ခဲ့

အနဲဆူံးတော့ နောက်တကမ္ဘာမှာပြန်တွေ့နိုင်တာပဲလေလို့တွေးမိပြီး တပြိုင်နက်ထဲစိတ်သက်သာရာရသွားခဲ့တယ်

ကျိန်စာဆက်နွယ်နေသမျှကာလပတ်လုံး သူဟာသူမအနားကိုရွှေးချယ်ခွင့်မရှိပဲရောက်လာရဦးမှာ

ပြီးတော့ သူ့ကိုထပ်ချစ်မိမယ် ထပ်ကျရှုံးမယ် ပြီးရင် သူမဒီလိုပဲ နာကျင်စွာထပ်သေဆုံးရပြန်ဦးမယ်

သူမသေဆုံးတိုင်းသာငိုနေရကြေးဆိုရင် သူမဟာအခုအချိန်မှာ ငိုစရာမျက်ရည်တစ်စက်တောင်ရှိနေမှာမဟုတ်တော့

ဒါပေမဲ့ သူမသူ့ကိုပြောပြချင်တာက သူဟာ ဒိလိုမျဉ်းပြိုင်ကမ္ဘာတွေထဲက တကယ်မရှိတဲ့ဝိဉာဉ်လေးတခုဖြစ်နေရင်တောင် ဒါမှမဟုတ် စိတ်ကူးယဉ်ဖန်တီးထားခြင်းခဲရတဇတ်ကောင်လေးတခုဖြစ်နေရင်တောင် ရှန်းထိုက်ယီဖြစ်နေသရွေ့သူမကချစ်ဦးမှာပါ

သေဆုံးခါနီး သူပြောလိုက်တဲ့စကားတွေကိုဝိုးတဝါးသာကြားရသော်လည်းပဲ ရင်နင့်ဖွယ်ရာ သူမအရမ်းဝမ်းနည်းနေတာကိုတော့ကျိန်းသေပေါက်သိနေရတယ်

နောက်တော့ သူမအသိစိတ်ကလေးဟာ space ထဲပြန်ရောက်လာတာတောင်မှ စိတ်နဲ့ကိုယ်တခြားစီဖြစ်နေတုန်း

ဟေးဟေးကလဲဘေးမှာသူမကိုပွတ်သပ်ထိုင်နေပြီး ဘယ်သူမှမပြောတာတောင် သူမစိတ်အခြေအနေကောင်းမနေဘူးဆိုတာကိုသိနိုင်တယ်

"မင်းသမီး"

သူမအရင်ကစိတ်ဝင်တစားလှည့်လှည်ကြည့်ရှူ့ခဲ့ရတဲ့ mini space အခန်းလေးထဲမှာ ရုတ်တရက် screenအကြီးကြီး ပေါ်လာခဲ့တယ်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now