44.uni

1.9K 179 7
                                    

To the future

အပိုင်း(၄၄) လျစ်လျူရှူ့ခံရခြင်း

လုရှင်‌းယောင် တော်ဝင်နန်းတော်ကို ရောက်ရှိပြီး တလအကြာအထိ သူ့ကိုမတွေ့ရ

ကွယ်ပျောက်နေတဲ့သူ့ကြောင့် သူမပြောစရာစကားတွေပိုပိုများလာခဲ့တယ်

Daily misson တွေလဲရောက်မလာခဲ့သလို ဟေးဟေးကလဲအလုပ်တွေရှုပ်နေခဲ့တာကြောင့် သူမတစ်ယောက်ထဲသာ

သူမကိုဘုရင်မတပါးသဖွယ်ဆက်ဆံခံရပြီး လိုလေသေးမရှိနေရတယ်ဆိုပေမဲ့ ဘာလိုချင်နေမှန်းလဲမသိခဲ့ဘူး

သူမနှလုံးသားထဲကခံစားချက်တွေကိုပြောပြဖို့ သူ့ကိုရှာဖွေခဲ့ပေမဲ့လဲ သူမအတွက်တော့မလွယ်ကူခဲ့လေဘူး

မင်္ဂလာဆောင်ကိုသတ်မှတ်ထားတဲ့နေ့ရက်ရောက်လာမှသာ သူ့ကိုတွေ့ရတော့တယ်

တည်တင်းတဲ့မျက်နှာထားနဲ့အေးစက်တဲ့အရှိန်အဝါကြောင့် သူဟန်ပန်ဟာပိုလို့တော်ဝင်ဆန်‌နေခဲ့တယ်

သူမ မသိတဲ့‌သူတွေအားလုံးရဲ့ဝိုင်းကြည့်တာကိုခံနေရတဲ့ လုရှင်းယောင်ဟာ အနေခက်ပြီး မွန်းကြပ်လာခဲ့တယ်

သူမတို့မိုးမြေကန်တော့ပြီး အကြင်လင်မယားအဖြစ်သတ်မှတ်ပြီးတဲ့နောက် သူမတခါမှမမြင်ဖူးတဲ့ခမ်းနားခြင်းတွေဖုံးလွှမ်းနေတဲ့အခန်းကြီးထဲကိုခေါ်ဆောင်သွားခြင်းခံရပြီး တညလုံးမှာလဲ ရှန်းထိုက်ယီပေါ်မလာခဲ့

သူ့ကိုစောင့်ရင်း သူမအိပ်ပျော်သွားလိုက်တာဟာ နောက်တနေ့ရောက်သွားတဲ့အထိပဲ

တော်ဝင်နန်းတော်တခုလုံးတိတ်ဆိတ်အေးစက်နေတဲ့အချိန်မှာသူမနိုးထလာခဲ့တယ်

နေရောင်ခြည်ဟာ နန်းတော်ကိုပက်ဖျန်းနေပြီး ကျေးငှက်လေး‌ေတွကလဲ ပျော်ရွင်စွာသီချင်းဆိုနေကြတယ်

လုရှင်းယောင် ရှန်းထိုက်ယီနဲ့ နေရောင်ခြည်အောက်မှာကောင်းကင်ပြာကြီးကို နုးညံ့လှတဲ့မြက်ခင်းပြင်ပေါ်လှဲလျှောင်းရင်း ဇိမ်ကျကျကြည့်ခဲ့တဲ့အခိုက်ကိုပြန်သတိရသွားခဲ့တယ်

တကယ်ပဲ အဲ့ဒီအချိန်ကတော့ နေရောင်ခြည်ရဲ့တန်ဖိုးကိုမသိခဲ့ဘူး

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Donde viven las historias. Descúbrelo ahora