46.uni

1.9K 169 4
                                    

To the future

အပိုင်း(46) ရုတ်တရက်လုပ်ကြံခံရခြင်း

လုရှင်းယောင် ပြောပြီးမှ သူမနှုတ်ခမ်းကိုပိတ်ရိုက်ချင်စိတ်ပေါက်သွားရတယ်

ဒီပါးစပ်ကလဲ စည်းမရှိကမ်းမရှိနဲ့

ဒီလူကပတ်ပြေးနေပါတယ်ဆိုခါမှ ငါက သူ့ကိုဒီလိုဆက်ဆံနေရင်တော့ သူနောက်တခါပြန်တွေ့ရဖို့မသေချာလောက်တော့ဘူး
Loo
သူမ ပြောချင်ရာပြောပြီးမှ အပြစ်ရှိတဲ့စိတ်နဲ့ခိုးကြည့်မိပြန်တယ်

အရင်ကသူမပတ်ပြေးခဲ့သလိုပဲ အခုတော့တူညီတဲ့ဝဋ်ကိုပြန်ခံရတာလားပဲ

' အချစ် '

သေးငယ်သလောက်ဆန်းကြယ်လွန်းလှတယ်

"မင်းကိုယ့်ကိုဘယ်လိုမြင်လဲ"
"စကားပြောတဲ့ရေခဲရုပ်ထု"
"..........."

သူရဲ့သွေးနီရောင်မျက်ဝန်းလေးတစုံကိုကာကွယ်ထားပေးတဲ့မျက်တောင်ထူများက တဖျတ်ဖျတ်ခတ်သွားတယ်

အဲ့ဒီမြင်ကွင်းကိုတွေ့လိုက်ရတဲ့သူမ ကြက်သေသေသွားခဲ့တယ်လေ

ဘယ်လိုပဲရေခဲရုပ်ထုလို့ဆိုဆို သူက သောက်ရမ်းချောလွန်းနေတယ်ကွာ

ငွေရောင်ဆံနွယ်တွေနဲ့အရမ်းလိုက်တာပဲ သူဆင်ယင်ထားတဲ့သရဖူကလဲ သူနဲ့အရမ်းလိုက်တဲ့အပြင် သူ့ရဲ့အနက်ရောင်ဝတ်ရုံနဲ့အရမ်းကိုတောက်ပလင်းလက်နေတုန်းပဲ

ဟွန်း မတရားလိုက်တာ ယောကျာ်းတစ်‌ယောက်ကအဲ့လောက်ထိချောမောနေစရာလိုလို့လား

တခြားမိန်းကလေး‌တွေကတော့ ဒီလိုပုံလေးကိုသာမြင်ရင် ထွန့်ထွန့်လူးကြတေ့ာမှာ

သူမရဲ့ရင်ထဲက တဒိုင်းဒိုင်းခုန်သံကြောင့် သူ့မျက်နှာပေါ်ကျောက်ချထားတဲ့အကြည့်ကိုရုတ်သိမ်းလိုက်ကာ အဝေးကိုကြည့်လိုက်တယ်

"ဒါနဲ့ ရှင်က မအိပ်ဘူးလား"
"မင်းကရော "
"ဟင့်အင်း"
"ကိုယ်လဲအတူတူပဲ"
"ဘာဖြစ်လို့လဲ"
"မင်းကရော"
"အကြောင်းပြချက်လိုလို့လား မအိပ်ချင်လို့မအိပ်တာပေါ့ "
"တူတူပဲလေ"
"........."

သူမစကားပြောဖို့ဖွင့်ဟလိုက်တဲ့အချိန်မှာပဲ

"ဒုန်းးးးးးး"

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now