17.uni

2.9K 238 2
                                    

To the future

အပိုင်း(17)  မြန်ဆန်လွန်းတဲ့အလှည့်အပြောင်း

အဲ့နေ့က ရှန်းဇီပြန်အောင် မနဲတွန်းလွတ်လိုက်ရတယ် ကိစ္စကြီးတခုကရုတ်တရက်ကြီးဖြစ်လာတော့ သူမခေါင်းအေးအေးထားစဉ်းစားဖို့အချိန်တခုတော့လိုတယ်လေ

သူမရွှေစာအုပ်ကိုရှာဖွေလိုက်ပေမဲ့
အဲ့ဒါကိုသူမအသုံးပြုလို့မရဘူးတဲ့
ဘာကြောင့်လဲဆိုတော့ သူမကစည်းမျဉ်းတွေကိုချိုးဖောက်ခဲ့လို့တဲ့

ရယ်တော့ရယ်ရသား စည်းမျဉ်းချိုးဖောက်ခဲ့တဲ့သူက သူမ မဟုတ်ပဲ သူမကိုဖယ်ရှားဖို့လုပ်ခဲ့တဲ့ main centerကပဲမဟုတ်လား

ထားပါတော့လေ တနေ့အခွင့်ရှိရင်တော့ အဲ့ဒီ main centerကို ရအောင်ကို ဖျက်ဆီးပစ်လိုက်ဥိးမယ်

တကယ်ကို ဒုက္ခပေးတဲ့ဟာတွေ
အခုတော့ကောင်းရော ကဲ ဇတ်ကြောင်းကိုကြည့်လို့မရဘူးဆိုတော့ သူမမီးစင်ကြည့်ကဖို့ပဲရှိတော့တာပေါ့လေ

ဘာကိုမှမတွေးတော့ပဲ အိပ်ရေးဝအောင်သာ အိပ်‌ပစ်လိုက်တော့တယ် သူမကဘာကိုညည်းညူနေရဦးမှာလဲ တကယ့်ကိုပဲ အထွန့်တက်စရာဘာမှကိုရှိမနေတာလေ ဒါပေမဲ့ တစ်ယောက်သောသူကိုမုန်းတဲ့စိတ်‌ကတော့ပိုလို့တိုးပွားလေရဲ့

ငလူး ဟိုကောင်ကြောင့်သာမဟုတ်ရင် သူမဒီလိုအဖြစ်မျိုးရောက်နေစရာကိုအကြောင်းမရှိဘူး

တကယ်ပဲ သူမစိတ်နဲ့ဆို နှစ်ပိုင်းပိုင်းပြီးအသတ်ခံရမဲ့ကောင်စုတ်က သူမကိုဦးအောင်ကျိန်စာတိုက်ခဲ့တယ်လေ

ထားပါတော့ မတွေးတော့ပါဘူး ပြန်သွားလို့လဲမရသေးတဲ့အတူတူတော့ သူမကျိတ်မှိတ်ပြီးသာအိပ်ပျော်အောင်သာလုပ်တာအကောင်းဆုံးပဲမဟုတ်လား

............

"အယ် အဲ့ဒါကဘယ်လိုဖြစ်"

မိန်ယင်းကိုခါးမှဖက်ထားရင်းာသူမကိုပြုံးပြလာတဲ့ လီဂျင်းကိုကြည့်ကာ သူမကြောင်အနေမိတယ်

ဘယ်လိုတောင် ဟိုတနေ့ကမှ သူမကိုကြွေကျခဲ့သူက အခုတော့ ဇတ်လိုက်မကိုခါးဖက်ပြီး သူမကိုစိန်ခေါ်နေတယ်တဲ့လား

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Tempat cerita menjadi hidup. Temukan sekarang