42.uni

2K 166 5
                                    

To the future

အပိုင်း(42) တော်ကောက်ခြင်း

လုရှင်းယောင် ဒီကမ္ဘာကိုရောက်တာတပတ်ရှိပြီ ဒါပေမဲ့သူမအသားမကျနိုင်သေး

သူမရဲ့‌နူးညံ့ဖြူစွတ်လွန်းတဲ့အလှတရားကိုကြိုက်ပေမဲ့လဲ သွေးသောက်ရတဲ့အခါ‌သူမမကြာခနပျို့အန်လေ့ရှိတယ်

သူမနိုးထလာစကဘာမှန်းမသိပဲတက်မက်စွာသောက်ခဲ့မိပေမဲ့ အဲ့တာက သူတို့အဆိုမျိုးဆက်သွေးဆက်ခံတာဆိုလား

ပြီးတော့ ထူးဆန်းတဲ့အစွမ်း‌တွေ ဥပမာ နရံပေါ်တွယ်တက်နိုင်တာမျိုးတို့ မျက်နှာကျက်ကိုကြမ်းပြင်သဖွယ်နေနိုင်တာတို့ နောက်တခုက နေရောင်ခြည်နဲ့တိုက်ရိုက်ထိ‌တွေ့လို့မရတာ အိုးးးစိတ်ရှုပ်စရာတွေချည်းပဲ

ပြီးတော့ ရွှေစာအုပ်ကဖော်ပြထားတာတွေကလဲ ကြောက်ဖို့ကောင်းတယ်

မူလကိုယ်ဟာ သွေးစုပ်ဖုတ်ကောင်အချင်းချင်းမှမွေးဖွားလာတဲ့မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ်ဖြစ်တယ် အနားယူချိန်မှာလဲ သလင်းကျောက်အခေါင်းထဲမှာအိပ်ခွင့်ရမှာဖြစ်ပြီး တာဝန်ချိန်ကတော့ နှစ်ငါးရာဖြစ်တယ်

သူတို့ပြောကြတာက သွေးစုပ်ဖုတ်ဟာ ‌အမျိုးအစားငါးမျိုးရှိကြတယ်တဲ့

ဘုရားကဖန်ဆင်းပေးထားတဲ့မြင့်မြတ်သဘာဝသွေးစုပ်ဖုတ်မျိုးနွယ်

သွေးစုပ်ဖုတ်အချင်းချင်းမေတ္တာသက်ဝင်မူ့မှမွေးဖွားလာတဲ့ သွေးသန့်တဲ့တော်ဝင်မျိုးနွယ်

သွေးစုပ်ဖုတ်‌နဲ့သမန်းဝံပုလွေတို့မေတ္တာသက်ဝင်ရာမှမွေးဖွားလာတဲ့ သွေးနှောမျိုးနွယ်

လူနဲ့သွေးစုပ်ဖုတ်တို့မှမွေးဖွားလာတဲ့ သွေးညံ့မျိုးနွယ်

သွေးညံ့မျိုးနွယ်နဲ့လူသားတို့ပေါင်းဖက်မူ့မှမွေးဖွားလာတဲ့မျိုးရိုးနိမ့်ဆိုပြီး ငါးမျိခွဲခြားထားတယ်

သဘာဝမြင့်မြတ်သွေးစုပ်မျိုးနွယ်စုကခေါင်းဆောင်မှသာ သလင်းကျောက်အ‌ေခါင်းထဲအိပ်စက်ခွင့်ပေးမှာဖြစ်တယ်

ဒါပေမဲ့ တော်ဝင်မျိုးနွယ်တွေဟာအချင်းချင်းသာ လက်ဆက်ကြရပြီး သူမတို့ဟာ ‌အရေးပေးခံ အထူးလေးစားခံမျိုးနွယ်တွေဖြစ်‌တာကြောင့်အပြင် မြင့်မြတ်တဲ့သဘာဝသွေးသန့်တဲ့ကလေးရအောင်လို့မွေးဖွားပေးရာမှာအဓ်ကတာဝန်ယူထားရတဲ့သူတွေပေါ့

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now