2.zgi

3.2K 108 0
                                    

to the future

အပိုင်း(2)အဖြစ်ကအဲ့လို

"မစ်ရှင်တခုရွေးလိုက်လေ "
"နှစ်ခုလုံးကသေတွင်းထဲပို့နေတာ ငါကဘာကိုရွေးရမှာလဲ လောလောဆယ် အသေးစားမစ်ရှင်ပဲအရင်လုပ်ရအောင်ပါ"
"ပြီးရော"

ဟေးဟေးနဲ့စကားပြောပြီးတော့မှ သတိထားမိတာ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေတယ်လို့

"အမလေး "

အလန့်တကြားအော်လိုက်ပြီးတာနဲ့ သူမရဲ့ပါးစပ်က အံဩမူ့နဲ့အတူပွင့်ဟသွားတော့တယ်

'‌ဟေး‌ဟေးရေ ငါ့ဘေးနားမှာ ရှန်းဇီဟ'

ငါလေးတော့ စောစောသေတော့မှာပဲ

သူမလက်ကောက်ဝတ်မှာအနီရောင်အလင်းလေးက တဖျတ်ဖျတ်လက်လာပြီး ဗီလိန်ကိုဆွဲဆောင်မိတော့မယ်

အလန့်တကြားနဲ့ ဖုန်းအုပ်နေပေမဲ့လဲ မရ

ချီးပဲဟေ့ နင်ပဲဆွဲဆောင်နေလိုက်တော့ သိပြိလား ပြီးရင်ငါတို့အတူတူနောက်ဘဝကိုကူးကြမယ်

ဇတ်လိုက်ကို အီစီကလီရိုက်ရမယ် ဇတ်လိုက်ကဘယ်မှာလဲ

သူမကိုယ်ကိုနောက်လှည့်လိုက်တော့ သူမကိုကုန်းကြည့်နေတဲ့ လီဂျင်းနဲ့သွားတိုးတယ်

သူမကအလှည့် သူကလဲအကုန်းမို့ နီးစပ်သွားတဲ့မျက်နှာနှစ်ခုဟာ သူမကို အလန့်တကြားဖြစ်စေ‌တော့တယ်

ဇတ်လမ်းအတိုင်းဆို ငါတော့ မုဒိန်းကျင့်ပြီးအသတ်ခံရတော့မှာပဲ

လခွမ်း

မသိမသာနဲ့ ရှန်းဇီကိုကြည့်မိ‌တော့ သူမကိုမျက်မှောင်ကျုတ်ကာ စိုက်ကြည့်နေတဲ့ အမျိုးကောင်းသားလေးကိုတွေ့လိုက်ရပြန်တယ်

အားးးးးး ငါ‌‌တော့

လိပ်ပြာလွင့်‌တော့မယ် သူ့ရဲ့ခေါင်းပေါ်ကအနီရောင်စာတန်းကြီးကပိုလိုထင်ရှားလာပြီ

"ဟေးဟေး ကယ်ပါဦးဟ"
"ပါးရိုက်လိုက်"
"ဘယ်သူ့ကိုလဲ"
"နှစ်ယောက်လုံးကို"
"ဘာဖြစ်လို့လဲ"
"ရက်စက်ရာကျသွားအောင်လို့လေ လုရှင်းက ကြောက်စရာကောင်းနေရင် သူတို့နဲနဲတော့ရှိန်သွားမှာပေါ့"

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now