63.zgi

915 44 0
                                    

To the future

အပိုင်း(63) အဆုံးသတ်ကျ ဘာကျန်ခဲ့လဲ အရာအားလုံး အလကားပဲ

ရှန်းထိုက်ယီ ရှေ့ကိုထွက်လာတယ်

"သတိထား"

ဘုရင်လေးပါးနဲ့ ဟေးဟေးကသတိပေးနေပေမဲ့ သူဂရုမစိုက်

နာကျင်မူ့မျိုးစုံကိုခံစားရပြီးပြီပဲ ဘာကိုကြောက်နေရဦးမှာလဲ

အခါနှစ်ဆယ်ထက်မနည်း သူမဟာ သူ့လက်ပေါ်မှာသေဆုံးခဲ့တာချည်းပဲ

သူမသေဆုံးပြီးတာနဲ့ သူကလဲ ဇတ်ကြောင်းတွေထဲကအမြန်ထွက်ကာ space ထဲရောက်နေတဲ့သူမကိုကြည့်ဖို့အပြေးအလွှားသွားရတာကြောင့် ကျန်ရှိနေခဲ့တဲ့ သူမရဲ့ဇတ်ကောင်နေရာကအလောင်းကိုတောင်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး

သူမဘာမှမဖြစ်ဘူးဆိုတာသေချာမှ သူရဲ့စွမ်းအင်တွေကိုပြန်လည်ဖြည့်တင်းပြီး စိတ်ချလက်ချ အနားယူနိုင်‌တော့တယ်

Space ထဲမှာ ငိုနေတဲ့သူမကိုဖြစ်စေ ဒေါသထွက်နေတဲ့သူမကိုဖြစ်စေ ဟေးဟေးနဲ့စကားများပြီး စိတ်ကောက်နေတာဖြစ်စေ သူအကုန်မြင်ခဲ့ပြီးသား

အနာကျင်ဆုံးကဘာလဲဆိုရင် သူမဟာသူ့လက်ပေါ်မီာ မချိမဆန့်‌သေဆုံးခဲ့ရတဲ့အချိန်တွေမှာပဲ

ကိုယ့်ဘာသာကိုယ်မုန်းတီးပြီး ဓားနဲ့ပြန်မွှန်းခဲ့တဲ့အချိန်တွေကတောင် သူနာမှမကြောက်ခဲ့

ဘာကိုမှမကြောက်ခဲ့

သူကျိန်ခဲ့ကျိန်စာကြောင့် သူမစိတ်ဆင်းရဲပြီးငိုကြွေးနေတဲ့အချိန်တိုင်း သူဘေးမှာအမြဲရှိပေးချင်ခဲ့တယ်

အခု ဒီကျိန်စာကြွေးကိုပြန်ဆပ်ရတော့မယ် ဘာကြောက်ရမှာလဲ

သူသိတယ် သူမသူ့ကိုလက်လွတ်မခံဘူး

လိုက်ရှာမယ်ဆိုတာကိုပေါ့

လာလိုက်စမ်းပါ ဘာကိုမှမကြောက်ဘူး သူအသက်ရှင်လာသမျှ

အဆုံးသတ်ကျ ဘာကျန်ခဲ့လဲ အားလုံးအလကားပဲ

သူမကိုသာမက်မောစွဲလန်းနေရင်း သူမနောက်ကိုသာတကောက်ကောက်လိုက်နေခဲ့မိတာ

ဒါကြောင့် သူမလက်ထဲသေရရင်တောင် အဲ့ဒါကိုသူဂုဏ်ယူမိဦးမှာ

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now