7.uni

3.5K 302 3
                                    

to the future

အပိုင်း(7)ဇတ်လိုက်ရဲ့အချစ်စိတ်နိုးထမူ့

နမ်းလိုက်မယ်??

နမ်းလိုက်မယ်ဆိုသောစာသားက လုရှင်းယောင်ရဲ့အတွေးထဲမှာ စာလုံးအမဲကြီးနဲ့ အပြည့်နေရာယူသွားတယ်

နမ်းလိုက်မယ်??

ဒီmother fucker လေးကတော့ ငါ့ကိုဘာများထင်နေတာလဲ

ငါ့ကို နမ်းချင်တိုင်းနမ်းနေရအောင် ငါကအရုပ်လား

"တင် ကျိန်စာရောင်ဝါအချင်းချင်းချိတ်ဆက်သွားပါပြီ ကျိန်စာအကျုံးဝင်သွားပါပြီ ဗီလိန်ကိုချစ်မိသွားရင် ဒီကမ္ဘာကထုတ်‌ပယ်ခံရမှာဖြစ်ပါတယ်"

fuck ပဲဟေးးးးး

ဆိုးလိုက်တဲ့ကံ

လုရှင်းယောင် မသာမယာဖြစ်သွားပြီး အပေါ်ကအုပ်မိုးထားတဲ့ကောင်ကို သူမအသေလုပ်ပစ်ချင်လာတယ်

ကျိန်စာနိုးထလာပြီ အခုတော့ သူမကသေဖို့ပိုနီးလာပြီပေါ့

ရှန်းဇီ သူ့ကိုစူးစိုက်ကြည့်နေတဲ့သလင်းကျောက်လိုမျက်ဝန်းများကို တန်ပြန်စိုက်ကြည့်နေမိတယ်

ဒီကောင်မလေး အခုရက်‌အတွင်း တော်တော်လှလာတယ်

ပြီးတော့ သူ့မျက်စိထဲပိုတောက်ပလာသလားလို့

ထမင်းမစားပဲ ကြယ်တွေကိုပဲကောက်စား‌လာလေသလား

သူအမြင်ကပဲမှားယွင်းနေတာလား

သူမငြိမ်သက်နေတာ သူနမ်းတာကိုမျော်လင့်နေတာများလား

သူမနှုတ်ခမ်းနားကို ရင်ခုန်စွာတိုးကပ်သွားလိုက်ပြီး ထိလုဆဲဆဲအခြေအနေမှာ

"ဒုတ် "

"အားးးးးး"
"အု"

လုရှင်းယောင် system ဖော်ပြတဲ့အကြောင်းအရာပေါ်စိတ်ရောက်နေတုန်း ဟိုနှာဘူးက သူမကိုနမ်းဖို့အနားကပ်လာတာကိုသတိမထားမိလိုက်

system အသိပေးချက်ပြီးဆုံးသွားတော့ အနီးကပ်မြင်လိုက်ရနဲ့မျက်နှာဆိုးဆိုးက သူမကိုပျာယာခတ်သွားစေတယ်

အဲ့ဒါကြောင့် ကြံရာမရတဲ့အဆုံး သူမနဖူးနဲ့ သူ့နဖူးကိုခွပ်ခနဲဝင်ဆောင့်ပစ်လိုက်ခြင်း

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Donde viven las historias. Descúbrelo ahora