48.uni

1.8K 186 7
                                    

To the future

အပိုင်း(48) သူမရဲ့တိုင်းပြည်ဆီကိုပြန်ခွင့်ပြုသင့်ပြီလား

Main space center.....

ဘုရင်လေးပါးနဲ့ main center ကိုကိုင်တဲ့သူတွေခေါင်းချင်းဆိုင်ကြရပြန်ပါပြီ

အကြောင်းကတော့ ထုံးစံတိုင်း အရှုပ်ထုတ်လေးလုရှင်းယောင်ကြောင့်ပါပဲ

သူမရဲ့ဒေါသထွက်တဲ့ရေဆူမှတ်ဟာ အလွန်တရာမြင့်မားလာတာကြောင့် main space ထဲက ကိုင်တွယ်နေရတဲ့သူ‌ေတွကိုအလွန်မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်အောင်ပြုလုပ်ပေးနေတယ်လေ

"ဘယ်လိုလဲ"
" ငါတို့့ရဲ့စိတ်လိုက်မာန်ပါအချစ်စိတ်တက်နေတဲ့ဘုရင်ကြီးက သူ့သေတွင်းသူတူးလိုက်ပြီတဲ့လေ"
"အားရိုးးးး သွားပြီ ဒီဆယ်နှစ်လုံး ငါတို့သူမကို‌ေခါင်းစားခံပြီးထိန်းချုပ်ထားရတာအခုတော့အလကားဖြစ်ကုန်ပြီပေါ့"
"ကဲ အခုလိုဖြစ်လာတော့ ဘယ်လိုလုပ်ကြမလဲ"
"သူမတိုင်းပြည်ကိုပြန်ခွင့်ပြုသင့်ပြီလား"
"ဒါဆို ငါတို့့သူမရဲ့လျို့ဝှက်ချက်ကိုမသိကြတော့ဘူးပေါ့ "
"သူမကိုဒီမှာဆက်ထားရင်တောင် အဲ့ဒီလျို့ဝှက်ချက်ကိုသိရလိမ့်မယ်ထင်နေလား သူမတချိန်လုံးဟန်ဆောင်နေတယ်ဆိုတာကို မင်းလဲသိ ငါလဲသိ အားလုံးလဲသိနေကြတာပဲလေ"

‌ဘုရင်လေးပါးခေါင်းချင်းဆိုင်ပြီးဆွေးနွေးနေကြသလို main center မှ main system အုပ်စုလိုက်ကြီးကလဲ သူတို့မြင်နေရတဲ့မြင်ကွင်းကိုအသည်းအသန်တိုးဝှေ့ကာ ကြည့်နေကြတယ်

"ရှင်းရှင်း ကိုယ်ရှင်းပြပါရစေ"
"မင်းသမီး အဲ့ဒါမဟုတ်ပါဘူး သူ သူ လီဆယ်ပြီးပြောတာပါ "

လုရှင်းယောင် စကားတခွန်းမှမပြော‌ေသာ်လည်း သူမရဲ့သွေးနီရောင်မျက်ဝန်းကတော့ ဒေါသရောင်နဲ့လင်းလက်နေပြီး သူတို့နှစ်ယောက်ကိုသာ စူးစိုက်ကြည့်ရှူ့နေတာကြောင့် ဘယ်ကရောက်လာမှန်းမသိတဲ့အကြောက်တရားဟာ သူတို့နှစ်ယောက်လုံးရဲ့ရင်ထဲကိုတိုးဝှေ့‌ဝင်ရောက်လာခဲ့တယ်

ရုတ်တရက်သူမရဲ့ပုံရိပ်ဟာမြင့်မြတ်သွားပြီး သူမရဲ့နောက်မှ ဘုရင်မပုံရိပ်ကြီးဟာ လောကအားလုံးကိုအဖက်မတန်တဲ့အလာူတိုးထွက်လာပြီး သူတို့နှစ်ယောက်ကိုအထင်သေးစွာငုံ့ကြည့်လို့လာခဲ့တယ်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now