45.uni

1.9K 183 7
                                    

To the future

အပိုင်း(45) အနေအထိုင်သတိ အသွားအလာသတိ အစား‌အသောက် သတိ

လုရှင်းယောင် အော့အန်ပြီးသွားတော့ အတန်ငယ်နေလို့ထိုင်လို့ကောင်းသွားခဲ့တယ်

ဒါပေမဲ့လဲ အခုထိဇောက်ထိုးကြီးမို့ ခေါင်းတွေကတော့ပတ်ချာလည်အောင်မူးနေဆဲပဲ

သူမက ‌မော်ဒန်ခေတ်မှာဆို ပန်းခြံတို့ကစားကွင်းတို့သွားလေ့ရှိတဲ့သူမဟုတ်

အဆွယ်ကောင်းလို့‌တစ်ခေါက်ရောက်မိပြီး တခါစီးမိပါတယ် တပတ်လောက်ဖျားယူသွားလို့ မနဲနှာနှပ်ပြီး ပြုစုထားရတာ

အဲ့ထဲက ပန်းခြံတို့ကစားကွင်းတို့ကိုဝေးဝေးရှေုာင်တယ်

အခုလဲရုတ်တရက်ကြီး ဇောက်ထိုးဆွဲမလိုက်တော့ ပတ်ချာလည်မူးသွားတာပေါ့

သူမမှလင်းနို့မဟုတ်တာလေ

သွေးစုပ်ဖုတ်တွေကလဲ လင်းနို့လိုဇောက်ထိူး
အစွမ်းရှိတယ်ဆိုပေမဲ့ သူမဘယ်တော့မှအသားကျမလာမဲ့အရာကတော့ အဲ့ဒီဇောက်ထိုးဆွဲခံရတာကိုပဲ

ဖြူဖတ်နေပါတယ်ဆို အားမရှိလို့ပိုဖြူဖျော့လာတဲ့မျက်နှာနဲ့ ‌သူ့ကိုတောင်းဆိုလိုက်မိတယ်

"အောက် အောက်ချပေး"

သူ့မျက်ခုံးဆတ်ခနဲပင့်သွားပြီး သွေးစုပ်ဖုတ်ရောဟုတ်ရဲ့လား ဒါလေး‌ကိုတောင်ကြောက်နေရလားဆိုတဲ့စကားရေးထားသလိုမျက်နှာထားကြီးကိုလျစ်လျူရှူ့လိုက်ရင်း
အောက်ချပေးလိုက်တော့မှ သူမလဲ  အခုမှရတဲ‌့လေကိုအသည်းအသန်ရှူရှိုက်နေမိတေ့ာတယ်

သူကတော့ လက်ပိုက်ကာ နရံကိုလျော့ရဲရဲမှီနေရင်းမှ သူမရဲ့ဖြစ်ပျက်နေတာကို စူးစိုက်ကြည့်နေခဲ့တယ်

သူ့ရဲ့ခမ်းနားတော်ဝင်ဆန်ကာအေးစက်လှတဲ့အကြည့်ကိုရ‌လိုက်တော့မှ လုရှင်းယောင်လဲ သူ့ကိုလွမ်းဆွတ်နေခဲ့တာ မေးစရာရှိတာ အတည်ပြုစရာရှိတာနဲ့ mission အကြောင်းတွေခေါင်းထဲရောက်လာရတော့တယ်

သူမတကယ်ကြီးမေ့နေခဲ့တာပဲ

ဒါပေမဲ့ သူစိမ်းတစ်ယောက်လိုသူ့ရဲ့ပုံစံကရော ဘာလဲ

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now