51.zgi

1K 54 3
                                    

To the future

အပိုင်း(51) ရင်နာစရာဇတ်‌လမ်းလေးထဲမှာမင်းနဲ့ငါ ဘယ်သူနိုင်မှာလဲ

ရှန်းထိုက်ယီ သူမကျောပြင်ကိုကြည့်ရင်း ငေးမောနေစဉ်

"အရှင် ကျွန်တော်တို့ အဲ့ဒီနေရာကိုတွေ့သွားပါပြီ အရှင်မပြန်နိုးလာတော့ အဲ့ဒိနေရာဟာလဲ နဲနဲလှုပ်ရှားသွားခဲ့တယ် ဒါကြောင့် အသင့်ရှိနေတဲ့ scopeတွေကအာရုံခံနိုင်ခဲ့ပါတယ်အရှင် ဘာဆက်လုပ်ရမလဲအရှင်"
"ကောင်းပြီ ငါတို့အဲ့ထဲကိုဆင်းကြမယ် အဆင်သင့်ပြင်ထားလိုက်"
"ကောင်းပါပြီ"

ရှန်းထိုက်ယီတစ်ယောက်ထဲသာကျန်ခဲ့ပြန်တယ်

တလောကလုံးက လင်းထိန်ပြီးလှပနေပေမဲ့ သူစိတ်ထဲမှာတော့ မလှမပနဲ့ မှောင်မဲနေတဲ့အတိုင်းသာ

ထားလိုက်ပါတော့

စိတ်ခ့စားချက်နဲ့လဲဆိုင်တယ်နေမှာပါလေ

"ဟွန်း ကျွန်တော်ပြောသားပဲ သူမကအရမ်းရက်စက်ပါတယ်ဆို"

ရှန်းထိုက်ယီမော့ကြည့်လိုက်တော့ သူထိုင်နေတဲ့ခုံတန်းလေးရဲ့ဘေးကခပ်ပုပုအပင်လေးပေါ်မှာ အမဲ‌ရောင်အလုံးလေးက ‌ပျင်းရိပျင်းတွဲနဲ့ မှေးနေရာမှပြောလိုက်တာကိုတွေ့လိုက်ရတယ်

"ဟေးဟေး မင်းပြောကြည့် မင်းသာငါ့ရဲ့အစောင့်အရှောက်အကောင်လေးဆိုတာကို‌ ရှင်းယောင်သိသွားခဲ့မယ်ဆိုရင် သူမမင်းကိုဘယ်လိုလုပ်လိမ့်မယ်လို့ထင်လဲ"

ဟေးဟေး သူရဲ့ပျင်းရိပျင်းတွဲမျက်ဝန်းပြာများရုတ်တရက်ပြူးကျယ်သွားပြီး ထိတ်လန့်စွာအောက်ကိုပြုတ်ကျလာခဲ့တယ်

ဟိုဟိုဒီဒ်ီကြည့်ပြီးစိတ်ချရပြီဆိုမှ

"မလုပ်ပါနဲ့ သခင်ရယ် သူမသာတကယ်သိသွားရင် ကျွန်တော်တော့ အရိုးတခြားအသားတခြားဖြစ်ပြီး ပြောမရဘူး ကြောင်စွပ်ပြုတ်တောင်ဖြစ်ရင်ဖြစ်သွားနိုင်တယ်"
"အဲ့လောက်ထိတောင်လား"
"သူမကအရမ်းကြောက်ဖို့ကောင်းတာ သခင်နဲ့ယှဉ်လိုက်ရင်တောင် သူမကိုပဲပိုကြောက်တယ်"

ဟေးဟေး ပြောချင်ရာပြောပြီးမှ သူပတ်ဝန်းကျင်ဟာ အေးစက်လာပြီး သူ့ရဲ့မည်းနက်နေတဲ့အမွေးတွေပါထောင်ထလာတာကိုခံစားလိုက်တာနဲ့တပြိုင်နက်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Donde viven las historias. Descúbrelo ahora