72.zgi

1K 48 2
                                    

To the future

အပိုင်း(72) ထိုက်ယီ ရှင့်ကိုမိပြီ

ပထမပါတနာအခန်းထဲကပြန်ထွက်လာတော့ မျက်နှာက နီရဲနေကာ အားအင်ကုန်ခန်းနေသလိုမျိုး

တခုခုကိုကျေနပ်လာတဲ့ပုံလိုမျက်နှာထားမျိုးဖြစ်လို့နေတယ်

ထိုက်ယန် သည်းခံထားရတဲ့အတိုင်းအတာဟာ ကျော်လွန်လုလုဖြစ်လာခဲ့ပြီ

"ဒုတိယပါတနာအထဲဝင်လာခဲ့"

နောက်တနာရီလောက်ကြာပြီးတဲ့နောက်မှာ လုရှင်းယောင်ရဲ့ခေါ်သံကိုထပ်ကြားရပြန်ပါတယ်

သိပ်မကြာခင်ပဲ အခန်းငယ်လေးထဲမှ ညီးညူသံတွေဟာ ထွက်ပေါ်လာပြန်ပါတယ်

လျာသပ်ပြီး ကျေနပ်နေတဲ့ပုံကလဲ ပထမပါတနာမှာ အထင်းသားပေါ်နေတာမို့ ထိုက်ယန်‌တစ်ယောက် မီးခဲကိုင်မိတဲ့မျောက်တကောင်လို ဂနာမငြိမ်ပိုဖြစ်လာခဲ့ပါတယ်

သွေးအေးတဲ့မြွေစိမ်းကတော့ မတ်တပ်ရပ်နေရင်း တဖျတ်ဖျတ်လက်နေတဲ့မျက်ဝန်းများကို ဖုံးကွယ်မထားပဲ အခန်းငယ်လေးထဲကိုမျော်လင့်နေတဲ့မျက်နှာထားမျိုးနဲ့ကြည့်နေခဲ့တယ်

ငါ့မိန်းမကိုတက်မက်ရဲတယ်လား ?

ထိုက်ယန် လူသတ်ချင်စိတ်တွေက တဟုန်ထိုးတက်လာပြ်ီး အခန်းထဲဝင်သွားတော့မဲ့အချိန်မှာ ဒုတိယပါတနာကလဲ ပထမပါတနာလို မျက်နှာထားမျိုးနဲ့ထွက်လာပြန်ပါတယ်

ထိုက်ယန်မျက်မှောင်ကြုတ်ကာ ကြည့်နေရင်းနဲ့ ဘာကိုပေါက်ကွဲချင်မှန်းမသိပေါက်ကွဲလို့လာပါတယ်

အဲ့ဒီအချိန်မှာပဲ မောပန်းနွမ်းနယ်ပုံပေါ်နေတဲ့ အသံဟာ အခန်းငယ်လေးထွက်လို့လာပါတယ်

"ထိုက်ယန် ....ရှင်ဝင်လာခဲ့"

ခြေလှမ်းကျဲကြိးများနဲ့ အခန်းငယ်လေးထဲခုန်ပေါက်ဝင်သွားခဲ့တာဟာ လေပွေအလားပါပဲ

အခန်းငယ်လေးထဲရောက်ရောက်ချင်းမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကိုမြင်တွေ့ရအပြိးမှာတော့ အယောင်ယောင်အမှားမှားနဲ့ ထိုက်ယန် တံတွေးမျိုချရပါပြီ

ဖြူဖွေးပြီးဖွာထွက်နေတဲ့မြေခွေးအမြှီးဟာ သူမရဲ့လှပ‌သေးသွယ်တဲ့ အပေါ်ပိုင်းကိုလွမ်းခြုံနေပြီး နားရွက်လေးထောင်ကာ အရည်လဲ့နေတဲ့မျက်ဝန်းများနဲ့ လူကိုမြူစွယ်သလိုအကြည့်ကြောင့် ယောင်ယောင်မှားမှားသိုင်းကွက်နင်းကာ သူမနားရောက်သွားခဲ့ပါတယ်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now