58.zgi

894 43 1
                                    

To the future

အပိုင်း(58) ကိုယ့်လောဘနဲ့ကိုယ်

လူငါးဆယ်ဟာ ချက်ချင်းပဲလုယူလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ခံနေကြရတယ်

ခါရာ့တာ့ရာနဲ့ရှန်းထိုက်ယီ ဘုရင်လေးပါးလုံးတခုစီရသွားပြီး ရတနာဆိုတာကိုကြည့်လိုက်တော့ ရှန်းထိုက်ယီက ဘုရင်ရုပ်ထုလေးရတယ်

ခါရာတာ့ရာကဘုန်းကြီးရုပ်ရပြီး ဘုရင်လေးပါးမှာနှစ်ပါးက ရထားရုပ်ထုနှစ်ခုနဲ့ဘုန်းကြီးတစ်ခုရတယ် ကျန်တဲ့သူလဲအသီးသီးလဲ ရတနာတစ်ယောက်တခုစီရကြပြီး လူစုံအောင်ရသွားပြီမို့ သူတို့အားလုံး သုံးဆယ့်ငါးယောက်သာကျန်တော့တယ်

‌ယှဉ်ပြိုင်ပွဲပြီးသွားတော့ လုရှင်းယောင်ပေါ်လာပြန်တယ်

"နောက်တဆင့်ကတော့ ရတနာတွေနဲ့ကိုယ်ဝိဉာဉ်ကိုဆက်သွယ်ကြရမှာဖြစ်ပါတယ် ဆကါသွယ်လို့မရတဲ့သူတွေကတော့ကျရှုံးသွားမှာဖြစ်ပြီး ရတဲ့သူတွေကတော့ ရတနာကိုပိုင်ဆိုင်သွားပါပြီ နောက်ဆုံးဆင့်ပြိုင်ပွဲကိုတော့ ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်အချိန်ပေးမှပါ အခုကစပြီး စတင်ဆက်သွယ်ကြပါတော့ "

လုရှင်းယောင် ကျန်တဲ့သူတွေကိုတော့ဘာဖြစ်ဖြစ်လွတ်ထားတယ် ကိုယ့်လောဘနဲ့ကိုယ်ပဲ ဘယ်သူမှအတင်းစေခိုင်းနေတာမဟုတ်ဘူး

ဒါပေမဲ့လဲ ရှန်းထိုက်ယီကိုတော့ စိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ သူမခိုးကြည့်လို့နေတယ်

ပြိုင်ပွဲပြီးဖို့အချိန်နီးလာလေလေ သူမစိတ်ထဲပိုစိုးရိမ်လာသလိုပဲ

သူမရဲ့ပြတ်သားလှပါတယ်ဆိုတဲ့စိတ်ကလဲ မပြတ်မသား တွန့်ဆုတ်တွန့်ဆုတ်နဲ့တွေဝေနေပြီ

"ရှန်းထိုက်ယီ ရှင်နဲ့စကားခနပြောလို့ရမလား"
"ရတာပေါ့ "

ရှန်းထိုက်ယီပျံတက်သွားပြီး လုရှင်းယောင်နဲ့ပျောက်ကွယ်သွားခဲ့တယ်

ခါရာ့တာရာမင်းသားလဲ သူမတို့ပျောက်ကွယ်သွားတာကိုတချက်ကြည့်လိုက်ပြီး ထူးဆန်းတဲ့မျက်နှာထားနဲ့အနားယူဖို့ရာ သူ့ရဲ့ကိုယ်ပိုင်တဲထဲကိုဝင်ရောက်သွားတော့တယ်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now