9.uni

3.1K 278 4
                                    

to the future

အပိုင်း(၉) လမ်းလည်ခေါင်မှာမိန်းကလေးတစ်ယောက်ကိုမဖွယ်မရာပြုကျင့်နေတယ်

လုရှင်းယောင် ကျောင်းလဲမသွား daily mission တွေလဲမလုပ်

ဟေးဟေးနဲ့လဲစကားမပြော

ဘာကိုမှဂရုမစိုက်ပဲ သူမ လည်ချင်တာတွေ စားချင်တာတွေ ရောက်ချင်တဲ့နေရာတွေအားလုံးကို လျောက်သွားလျောက်စားကာ ပျော်ရွင်လို့နေတယ်

ရုပ်ရှင်ရုံတွေလဲသွားတယ် သူမဘေးမှာထိုင်နေတဲ့ကဲကဲသဲသဲအတွဲနဲ့တောင်ရန်ဖြစ်ခဲ့လိုက်သေး

တကယ်ပဲ အချို့လူတွေများ လူကြားထဲဆိုပိုလုပ်နေသလားအောင့်မေ့ရတယ်

ရုပ်ရှင်ကမပြရသေးဘူး သူတို့ဆီက တပြွတ်ပြွတ်နဲ့အသံကစထွက်လာပြီ

လူတွေလဲအများကြီးရှိတာကို မရှက်မကြောက်နဲ့

ဒီခေတ်ကလေးတွေများ တကယ်ပဲ

ဟေးဟေးကလဲ အလိုက်တသိနဲ့ သူမစိတ်ထဲပေါ်မလာခဲ့

ရှင်သန်ခြင်းဆိုတာ ဒိလိုပါလားလို့ သူမတွေးမိတဲ့အချိန်အထိပေါ့

"‌တင် ပျက်ကွက်မစ်ရှင်အတွက် ရွေးချယ်ထားတဲ့မစ်ရှင် ဆုလာဘ် point တွေထဲက 600 ကိုကြိုတင်နုတ်ယူပါတယ် "

fuck

mission တောင်မလုပ်ရသေးဘူး point 600ကနုတ်ယူခံလိုက်ရပြီ

အဲ့ဒီခနမှာ လုရှင်းယောင်ရဲ့ တက်ကြွနေတဲ့စိတ်လေးကတော့ တစစီကွဲကြေလို့သွားတော့တာပါပဲ

ပန်းခြံထဲက နေရောင်ခြည်နုနုလေးကိုခံစားနေတဲ့အခိုက်အတန့်လေးဟာလဲ ပျက်စီးလို့သွားပါတော့တယ်

သူမရဲ့ဆက်ချီတက်ရမဲ့ခရီးရှည်ကြီးအတွက် သက်မမချပဲမနေနိုင်တော့ပါဘူး‌

တကယ်ပဲ ပင်ပန်းလိုက်တာ

ဘယ်လိုပဲဖြစ်ဖြစ် အဲ့နေ့က လုရှင်းယောင်ဟာ systemကိုလျစ်လျူရှူ့ပြီးသူမလုပ်ချင်တာကိုလုပ်ပစ်လိုက်ပါတယ်

"ရှင်းယောင် "
"ဟမ် ရှန်းဇီ??"

သူကဘယ်လိုလုပ်?
မနီးမဝေးမှာ ရပ်ကာ သူမကိုစိုက်ကြည့်နေတဲ့သူက ရှန်းဇီဖြစ်နေခဲ့တယ်လေ

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Wo Geschichten leben. Entdecke jetzt