14.zgi

1.8K 106 5
                                    

to the future

အပိုင်း(14) accident

လုရှင်းယောင် သူမရဲ့ပူလောင်နေတဲ့စိတ်ကို မသိယောင်ဆောင်လိုက်ကာ ရှန်းဇီရဲ့မျက်နှာပေါ်က ဒဏ်ရာတွေကိုဆေးထည့်ပေးလိုက်တယ်

"တင် ယနေ့ မစ်ရှင်ပြီးဆုံးပါပြီ point 400ရရှိပါတယ်"

မစ်ရှင်ပြီးဆုံးသွားပေမဲ့ သူမရဲ့ရင်ထဲကပူလောင်မူ့ကအခုမှစတယ်

ရှန်းဇီရဲ့ထူထဲတဲ့မျက်ခုံးလေးများနဲ့ သူမကိုကြည့်နေတဲ့ ချစ်ရည်ရွန်းနေတဲ့မျက်ဝန်းအစုံဟာသူမအတွက်တော့ချိုမြိန်နေသလိုလို

ရင်ထဲကလှိုက်ခတ်လာတဲ့ရင်ခုန်အူ့လှိုင်းကလေးကတားမရစီးမရဖြစ်ပေါ်လာပြီး သူမကိုယ်၌ကလဲမသိပဲပျော်ဝင်နေမိတယ်

ဒါကြောင့် သူမ မသိလိုက်ပါပဲ ဆေးထည့်ပေးနေတဲ့လုပ်ငန်းစဉ်ဟာပိုကြာရှည်ခဲ့ပြီး ပိုမိုနူးညံ့နေခဲ့တာဟာ တစ်ကမ္ဘာလုံးမှာနှစ်ယောက်ထဲရှိတဲ့အလား

သူမအချစ်မှာမကျရှုံးခဲ့ဖူးဘူး အဲ့တာကြောင့်လဲအရင်ကမ္ဘာမှာတာဝန်ကျရှုံးမူ့ကြောင့်သာသေဆုံးခဲ့ရတာချည်းပဲ

အခုတော့ ချစ်မိလို့သူမသေဆုံးရတော့မှာလားပဲ

ချစ်မိတယ်?

သူမသူ့ကိုချစ်မိသွားတာလား?

ဒါဆိုဘယ်အချိန်တုန်းကလဲ?

သူမတချိန်လုံးပတ်ပြေးနေတာပဲမဟုတ်လား

အရမ်းအလုပ်ရှုပ်နေခဲ့တာပဲ‌

အဲ့ဒါတောင်မှ ဘယ်အချိန်ကများ

ဘယ်လိုများ ချစ်မိသွားပါလိမ့်

ကျိန်စာကြောင့်များလား

ဒါမှမဟုတ် သူမရဲ့နိမိတ်ဖတ်ဆရာပြောခဲ့သလို ဒင်္ဂါးဖူးစာကြောင့်များလား

"ပြီးပြီ"

သူမဆေးခွက်တွေကို နေရာတကျပြန်ထားပြီး ပြန်ထွက်သွားဖို့လုပ်ခဲ့ပေမဲ့ မသွားခင်မှာ ဘာကြောင့်မှန်းမသိ သူ့မျက်နှာကိုခိုးကြည့်လိုက်မိပြန်တယ်

သူမကိုငေးကြည့်နေတဲ့သူ့အကြည့်တွေက ခြေလှမ်းတွေကိုအနဲငယ်တွန့်စေတာကလွဲလို့ ကံကောင်းလှစွာသူမရဲ့စိတ်တွေကိုထိန်းချုပ်ရာမှာမလွတ်သွားစေခဲ့ဘူး

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Nơi câu chuyện tồn tại. Hãy khám phá bây giờ