To the future
အပိုင်း(67) ဘယ်သူက ရှန်းထိုက်ယီလဲ
လုရှင်းယောင် ကော်လိုကပ်နေတဲ့သုံးယောက်သားကို ဗျစ်ခနဲဆွဲခွာလိုက်ပြီး အနဲငယ်လေ့လာလိုက်ပါတယ်
ဘယ်သူကရှန်းထိုက်ယီလဲ
တယောက်ချင်းစီက တရုပ်ချင်းစီဖြစ်နေပြီးတော့ တစ်ယောက်မှလဲ ရှန်းထိုက်ယီနဲ့မတူဘူး
"အမရယ် လူတိုင်းအဲ့လိုပဲမဟုတ်ဘူးလား အမြွှာတွေပဲတူကြတာလေ"
"................."သူတို့ကိုစမ်းသပ်ဖို့ တနည်းပဲရှိတယ် အဲ့ဒါက သုံးယောက်လုံးကိုပါတနာအဖြစ်လက်ခံဖို့ပဲ
"အဟမ်း ရှင်တို့သုံးယောက် ကျွန်မရဲ့အရွယ်ရောက်ပွဲမှာလာပြိုင်ပါ ရှင်တို့သုံးယောက်လုံးကို ပါတနာအဖြစ်ရွေးချယ်မယ် ပြိုင်ပွဲရလာဒ်ကိုကြည့်ပြီး အဆင့်ခွဲလိုက်မယ် ဟုတ်ပြီလား အခု သွားကြတော့ ကျွန်မလဲသွားတော့မယ် "
အူကြောင်ကြောင်ဖြစ်နေတဲ့ သုံးယောက်ကိုချန်ပြီး သူမထွက်လာခဲ့တယ်
အမှန်တော့ ဂူပြန်ပြီးအကြံထုတ်မလို့
"....ဝေါ့့........အားးးးးး ဒါဘာကြီးလဲ"
"တီကောင်စွပ်ပြုတ်ပါ "
"ဝေါ့........ထွီ.......ရွံလိုက်တာ ငါမျက်စိရှေ့ကယူသွားစမ်းပါ ဒီဟာကို ငါဘာ့သာငါအပြင်ထွက်ပြီးရှာစားလိုက်မယ်"
"နေဦးလေ ဟို ဖားပြုတ် နဲ့ အီတီပိုးကောင်တွေလဲရှိသေးတယ်လေ အီတီပိုးကောင်ဆို အရှင်လေ ကောင်းမှကောင်းပဲ"သူမတို့မျိုးနွယ်စုက ဒီလိုတွေပဲတချိန်လုံးစားတာလား
ငါတော့ အန်ထွက်ဖို့မစောင့်နိုင်တော့ဘူးစားတော်ကဲကြီးကနောက်ကနေလိုက်အော်နေလို့ သူမပတ်ပြေးနေရသေးတယ်
"တော်ပြီမလိုက်တော့နဲ့ ကောင်းတယ်ဟုတ်လား နင်စားပါလား"
"ဟမ် တကယ်လား စားလို့ရလား ကိုကိုးမင်းသမီးအတွက်ပဲသီးသန့်ထားတာမို့ တကယ်စားပစ်ရင်မငိုရဘူးနော် အီတီပိုးကောင်က မင်းသမီးအရမ်းကြိုက်တဲ့အစာမဟုတ်ဘူးလား "
"လျှာရှည်တယ် စားလိုက်ဆို ငါ့နောက်ဆက်လိုက်လာရင်ကန်ချမှာနော်"အဲ့ဒီလိုခြိမ်းခြောက်မှပဲ ကျန်ခဲ့တော့တယ်
ကျန်ခဲ့တော့လဲကြောက်စရာအထှာနဲ့
ဟိုကြည့်သည်ကြည့်လုပ်ပြီး တွေ့ကရာချုံထဲပြေးဝင်သွားတော့တာပဲ
![](https://img.wattpad.com/cover/240027795-288-k218549.jpg)
YOU ARE READING
(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni
Mystery / Thriller..Mature content ..Own creation သူမသည်သူ့ကိုချစ်ဖို့အကြိမ်များစွာမွေးဖွားလာခဲ့ရတယ် သူမနဲ့သူဟာ ကံကြမ္မာကမွေးဖွားပေးတဲ့ ဒဂင်္ါးဖူးစာမို့ အကြိမ်များစွာချစ်ကြရပြီး အကြိမ်များစွာကွဲကွာကြရတယ် သူနဲ့သေကွဲကွဲဖို့လဲအကြိမ်များစွာသူမသေဆုံးခဲ့ရတယ် ဖူးစာကြိုးနီကိ...