10.uni

3.1K 290 5
                                    

to the future

အပိုင်း(10) မျက်ဝန်းများထဲမှာအဖြေရှာ

လုရှင်းယောင် ကျောင်းခန်းထဲကိုတွန့်ဆုတ်တွန့်ဆုတ်နဲ့ဝင်လာခဲ့တယ်

အထဲကိုသာဝင်လာတာ ပြေးဖို့လမ်းကရှာထားပြီးသား

လီဂျင်းကိုတွေ့လိုတွေ့ငြား သူမရှာနေတာဖြစ်ပြီး ရူးကြောင်ကြောင် mission လုပ်ဖို့ပေါ့

လီဂျင်းနဲ့အတူနေ့လည်စာစားပါတဲ့ ကဲ

အခန်းထဲကိုကုတ်ချောင်းကုတ်ချောင်းနဲ့ဝင်လာပြီး လီဂျင်းကိုရှာနေတဲ့ လုရှင်းယောင်ရဲ့ကျောပိုးအိတ်ကို တစုံတစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ဆွဲမလိုက်တဲ့အခိုက်အတန့်မှာတော့ သူမသိလိုက်တာ ကံဆိုးပြီဆိုတာပါပဲ

သူမဟာ မုဆိုးရဲ့ထောင်ချောက်မှာမိနေတဲ့ယုန်သူငယ်လေးအတိုင်း ဘယ်လောက်ပဲရုန်းကန်ပါစေ သူမထက်ပိုအရပ်ရှည်တဲ့ ဗီလိန် big bossကြီးရဲ့လက်ထဲမှာ ကားယားကားယားနဲ့အမိခံလိုက်ရတယ်

ဆယ်မိနစ်လောက်ကြိုးစားရုန်းကန်နေပေမဲ့ မရတဲ့နောက်တော့ သူမလက်လျော့လိုက်ပြီး မှုန်ကုတ်ကုတ်နဲ့ ရန်သူတော်ကြီးကို စိုက်ကြည့်နေလိုက်တော့တယ်

ရှန်းဇီ သူမကို ကျောပိုးအိတ်ကနေ
ကိုင်မထားရင်း အနဲငယ်ဖူးယောင်နေတဲ့နှုတ်ခမ်းလှလှလေးများပေါ်အရောက် ရင်ခုန်သံတွေမှားသွားရလွန်းလို့ သူမကို ဆတ်ခနဲပစ်ချလိုက်မိတယ်

"အားးး fuck နင့်မေကြီးတော်မို့ ငါ့ကိုပစ်ချတာလားဟ "

လုရှင်းယောင် ဆဲလဲဆဲ ထွက်လဲပြေးလိုက်တယ် ဒါပေမဲ့ အဆဲခံလိုက်ရလို့ သတိဝင်သွားတဲ့ရှန်းဇီလက်မှာတခါပြန်မိသွားလေတော့တယ်

"လွတ် ငါ့ကိုလွတ်စမ်း fuck u  ရှန်းဇီ အခုလွတ်စမ်း"

အဲ့ဒီအချိန်မှာပဲ အခန်းထဲကိုလီဂျင်းရောက်လာပြီး မျက်ခုံးပင့်မိသွားခဲ့တယ်

ဒိအခြေအနေကနဲနဲထူးဆန်းနေတာကိုး

"အဲ ဒါကဘာအခြေအနေလဲဟ ရှန်းဇီ မင်း လုရှင်းယောင်ကို အနိုင်ကျင့်နေတာလား"

လုရှင်းယောင် သူမမျက်နှာကို သနားစဖွယ်လုပ်လိုက်ပြီး ချက်ချင်းငိုချတော့မဲ့ပုံလေးလုပ်လိုက်တယ်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now