22.uni

3.2K 244 11
                                    

To the future

အပိုင်း(22) ဘုရင့်ကြင်ယာတော်

လုရှင်းယောင် သူမပါးမှမျက်ရည်တွေကိုသုတ်လိုက်တယ်

ဟေးဟေးက‌လဲ သူမစွာခဲ့တဲ့အတိုင်း ငြိမ်သက်လို့သွားခဲ့တယ် အခုမှတကယ်အမြှီးကုတ်တာနေမှာပေါ့

သူမဝမ်းနည်းနေပေမဲ့ ဒိလိုဆက်ပြီးဝမ်းနည်းနေလို့မဖြစ်

ဒီအတိုင်း ရှန်းဇီဆိုတာက သူမသွားမဲ့ခရီးမှာရံဖန်ရံခါပေါ်လာတတ်တဲ့အသေးစားပြသနာလေးလို့သာနှလုံးသွင်းရတော့မယ်

မဟုတ်ရင်လဲ တချိန်လုံးကြေကွဲနေလို့မှမရတာကိုးးး

ဒီကမ္ဘာကိုဘာကြောင့်ရောက်လာတာလဲရယ် ဘာတာဝန်ကိုထမ်းဆောင်ရမှာလဲရယ် သူမသိရဦးမယ်မဟုတ်လား

သူမစိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ဘာကိစ္စကိုမှထပ်မတွေးမိအောင် ထိန်းထားလိုက်တယ်

ပြီးတော့ သူမ‌ရှေ့မှာငြိမ်သက်စွာရောက်ရှိနေတဲ့ရွှေရောင်စာအုပ်လေးကိုအသာအယာလှန်ကာဖတ်ရှူ့လိုက်တော့တယ်

"The king's woman

လုရှင်းယောင်ဟာ ဘာစည်းကမ်းကျင့်ဝတ်ကိုမှနားမလည်ပဲကြင်ယာတော်ဖြစ်လာခဲ့တယ်

အကြောင်းအရင်းက ဇတ်လိုက်ရှင်ဘုရင်ဟာ လူဆိုးတွေနဲ့တွေ့တုန်းဝင်ကယ်ပေးခဲ့တဲ့သူမကို ကျေးဇူးဆပ်တဲ့အနေနဲ့ကြင်ယာတော်မြောက်ခဲ့တာဖြစ်လေတယ်

သူမက ဘယ်အမတ်ရဲ့မိသားစုကမှမဟုတ် ဘာမှလဲမပိုင် ဘာရာထူးမှလဲမရှိတဲ့အပြင် ဘာကျင့်ဝတ်က်ုမှလဲမသိတဲ့ ဒီအတိုင်းသာမာန်မိသားစုကဖြစ်တယ်

ဒါကြောင့် ရှင်ဘုရင်ဟာ ကျင့်ဝတ်စည်းကမ်းတွေကိုသေချာသင်ကြားစေပြီးမှလက်ထပ်ခဲ့တယ်

သူမဟာ ရှင်ဘုရင်နဲ့မဂင်္လာဦးညတကြိမ်သာကြုံကြိုက်ခွင့်ရပြီး နောက်ပိုင်းတွေမှာ ရျင်ဘုရင်ဟာသူမကိုရှိတယ်လို့တောင်မထင်တော့ဘူး

ဒါကြောင့် ကြင်ယာတော်ပေါင်းများစွာကသူမကိုဝိုင်းအနိုင်ကျင့်နှိပ်စက်ခဲ့ကြတယ်

နောက်ဆုံးသူမသီးမခံနိုင်တော့တဲ့အချိန်မှာ ရှင်ဘုရင်ဆီကိုရင်ဖွင့်တိုင်တန်းဖို့အပြေးသွားခဲ့ပေမဲ့ ဇတ်လိုက်မရဲ့ကိုယ်ဝန်ရင့်မာကြီးနဲ့ရှင်ဘုရင်တို့ပြုံးပျော်ပြီးတလောကလုံးကိုမေ့နေတာကိုသာတွေ့ခဲ့ရတယ်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni حيث تعيش القصص. اكتشف الآن