53.uni

1.7K 153 0
                                    

To the future

အပိုင်း(53) ပထမအဆင့်ပြိုင်ပွဲ

မြင့်မားလှတဲ့ကျောက်တုံးကြီးဆီက တဒင်ဒင်မြည်သံများဟာ ပိုမိုကျယ်‌ေလာင်လာခဲ့တယ်

သိပ်မကြာခင် မျက်စိရှေ့မှာ ဆွဲငင်တတ်သောကျင်းကြီးဖြစ်ပေါ်လာပြီး အရာအားလုံးဆွဲချတော့မလိုလှုပ်ခါလာတော့တယ်

ရသမျှစားတော့မဲ့အလား ကျွင်းနက်ကြီးဟာ ပါးစပ်ဟလာသလို ‌တဖြေးဖြေးကျယ်ပြန့်ကြီးမားလာတော့တယ်

တီးတိုးစကားသံတွေနဲ့ပြည့်နေတဲ့နေရာက ချက်ချင်းလိုလို ငရဲခန်းအဖြစ်ပြောင်းသွားခဲ့ပြီး ထောင်ပေါင်းများစွာသောသူတို့ဟာ ကျွင်းနက်ကြီးထဲပြုတ်ကျသေဆုံးကြရတယ်

ပြန်တက်လာရန်ကြိုးစားသော်လဲမရ ဆွဲငင်တတ်တဲ့ပန်းပွင့်ကြီးများက ခြေထောက်လက်များကို‌ရစ်ခွေကာ ၎င်းတို့ရဲ့ပန်းပွင့်ဖတ်လိုပါးစပ်ကြီးများထဲသို့ မျိုချလိုက်ပြီးနောက်အရိုးကိုသာထွေးထုတ်လာခဲ့တော့တယ်

"အရှင်မ ကျွန်တော်တို့အားလုံးရောက်ပါပြီ"

"ကောင်းပြီ အခုဒီမှာရှိတဲ့သူတွေကအစွမ်းအထက်ဆုံးသူ‌ေတွချည်းဆိုတော့ သူတို့တိုင်းပြည်ဟာ အင်အားနည်းပြီးဟာကွက်ရှိနေလောက်တယ် အကုန်သွားပြီး မဟာမိတ်ဖွဲ့လာခဲ့ကြ မှတ်ထား လေးရက်မတိုင်ခင်ပြန်လာခဲ့ကြပါ"

"ကောင်းပါပြီအရှင်မ"

သူမရှေ့က ရေမှန်ထဲမှာဖြစ်ပျက်နေသမျှကိုကြည့်နေရင်း လုရှင်းယောင်ပြုံးလိုက်တယ်

ငါးစာချလိုက်တာနဲ့ချက်ချင်းကိုလာဟပ်တော့တာပဲ

လူတွေ လူတွေ လောဘကြီးလွန်းရင် ဒီလိုပဲသေလမ်းရောက်မှပဲ

ပြိုင်ကြ

မင်းတို့ထဲက သုံးဆယ်ငါးယောက်ဟာငါရဲ့ပြိုင်ဘက်ကင်းစစ်သည်တွေဖြစ်လာမှာ

လွင်တီးခေါင်နယ်မြေ

ကျောက်တုံးကြီးရဲ့‌ေရှ့တမိုင်အကွာထိအောင်ကျွင်းကကြီးလာပြီး ရှိရှိသမျှသက်ရှိသက်မဲ့ဟူသမျှကိုဗိုက်ဝစေအောင်လောဘတကြီးစားလာတဲ့အလားအားလုံးကိုမြိုချနေခဲ့တယ်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now