69.uni

1.5K 145 6
                                    

To the future

အပိုင်း(69)ပါတနာသံုး‌ေယာက်နှင့်ဂေါ်နေသောသူမ

သူမဂူထဲမှာနေရတဲ့ရက်တွေအတွင်းမှာ ထိုက်ယန်က စားစရာအသစ်များကိုသူမနားခနခနယူဆောင်လာပေးလေ့ရှိတယ်

တခါက ဒူးရင်းသီးလာပို့ပေးရင်း နှာ‌ေခါင်းပိတ်ထားကာ အော့အန်ချင်နေတဲ့ပုံက ရယ်ရသလို အားရပါးရသူမစားနေတော့လဲ အံဩတကြီးနဲ့စိုက်ကြည့်နေပြီး အစားကျုးတဲ့သူမကိုထိတ်လန့်နေခဲ့သေးတယ်

နောက်တော့ ဘာအသီးဖြစ်ဖြစ်သူမစားတတ်တာကိုရိပ်မိလိုက်ပြီး သူတောင်မစားရဲတဲ့အသီးထူးထူးဆန်းဆန်းတွေကိုပါခူးလာခဲ့‌တော့တာပဲ

သူမကလဲ သူခူးလာတဲ့အသီးများကိုမြင်တိုင်း မျက်ဝန်းများက တလက်လက်နဲ့ သူ့ကိုလဲအနမ်းပေးကာ ဆုချတတ်တာမို့ အဲ့ဒါကိုကျေနပ်နေတဲ့ ထိုက်ယန်ဟာ သူမရဲ့စားရေးသောက်ရေးကိုတာဝန်ယူတဲ့သူဖြစ်လာတော့တယ်

အသားတွေမဟုတ်ပဲ အသီးတွေသာမို့ အသီးခူးယူထားတဲ့ အကောင်တကောင်ရှေ့သွားပြီး မျက်နှာမာမာနဲ့ကြည့်လိုက်ရုံတင် တဝက်ကိုသူပိုင်နေပြီးသား

ဘယ်သူမှသူ့ကိုကလန်ကဆန်မလုပ်ရဲကြဘူးလေ

ထိုက်ယန်နဲ့ လုရှင်းယောင်လဲ ပထမစတွေ့တဲ့အချိန်က ကို့ယို့ကားယားအကြောင်းအရာတွေကိုမဆွေးနွေးတော့ပဲ သာမာန်ထက်ပိုထူးခြားတဲ့ဆက်ဆံရေးဖြစ်လာခဲ့သလို လုရှင်းယောင်စိတ်ထဲမှာလဲ ထိုက်ယန်က ထိုက်ယီဖြစ်တယ်လို့ယုံကြည်ချင်လာပြီ

ဟိုနှစ်ကောင်ကတော့ သူမပါတနာဖြစ်ဖို့လေ့လာနေတယ်ဆိုလား အဲ့နေ့ပြီးကတည်းက ပြန်ကိုပေါ်မလာတော့တာ

သူမအစကတော့ မျော်လင့်မိသေးတယ် ဒါပေမဲ့ အဲ့နှစ်ယောက်ထဲက တစ်‌ယောက်ယောက်က ထိုက်ယီဖြစ်ခဲ့မယ်ဆိုရင‌်တောင် သူမကိုအခုလိုပစ်ပယ်ထားမှာမဟုတ်ဘူးလေ

မျိုးနွယ်စုအကြီးအကဲတွေလဲ သူမ အစားအသောက်တွေကိုအော့အန်ရွှံရှာပြီး ပတ်ပြေးနေတုန်းက အကျပ်ရိုက်ခဲ့ကြပေမဲ့ သူမဆီကိုနေ့တိုင်းအစားလာပို့တတ်တဲ့ ထိုက်ယန်ကိုတော့ ရန်မရှာပဲ သတိနဲ့စောင့်ကြည့်နေခဲ့ကြတယ်

(Complete)အနာဂတ်ဆီသို့(to the future ) Normal . Oc..Zgi&Uni Where stories live. Discover now