Part-27

1K 92 4
                                    

🏇တစ်ဖန်ထွက်ပြေးဖို့ကြံရွယ်နေပါသည့်အိမ်ရှေ့စံ🏇


“မင်းသား…မင်းကြီးဆီကနေ သဝဏ်လွှာပို့သလိုက်ပါတယ်”

အဲလ်တန်မြို့စားအိမ်ရဲ့ဧည့်တွေ့ဆောင်ထဲဝင်လိုက်ရင်ပဲ နန်းတွင်းရှေ့ပြေးတပ်သားတစ်ယောက်ရောက်နေသည်ကိုတွေ့လိုက်ရ၏..။နေရာမှာဝင်ထိုင်ရင်း ကမ်းလင့်လာသည့်စာချွန်လိပ်ကိုဖွင့်ကာဖတ်လိုက်သည်…အတွင်းတွင်ရေးသားထားသည်က ဒါခန်းမြို့စားအသစ်ကိုမကြာခင်ရွေးချယ်ခန့်ထားမည်အကြောင်းနှင့် အဲလ်တန်၏ပြဿနာများဖြေရှင်းလို့အောင်မြင်သည်ကိုဝမ်းမြောက်ကြောင်းတို့နှင့်အတူ…မကြာခင်အိမ်ရှေ့စံရွေးချယ်မည့်ပြိုင်ပွဲလုပ်မည့်အကြောင်းတို့ကြောင့် ဒါခန်းတွင်ကိစ္စများအားအမြန်ရှင်းလင်းပြီး နန်းတွင်းသို့အိမ်ရှေ့စံပွဲအမှီပြန်လာရန်တို့ပင်…အောက်ဆုံးတွင်တော့ ကိုယ်လုပ်တော်လုပ်ကြံသတ်ဖြတ်ခံရသည့်အကြောင်းကြားစာကြောင့်ဝမ်းနည်းမိကြောင်းတို့ရေးထားခြင်းပင်…။စာလိပ်အားစားပွဲပေါ်အသာယာပြန်တင်ရင်း အဲလ်တန်ကစားပွဲပေါ်မှ စာရွက်လိပ်ကိုဖြန့်ကာ စုတ်ချက်တင်ပြီးနောက် အမိန့်စာအားရရှိကြောင်းနှင့်အတူ မကြာခင်ပြန်လာမည့်အကြောင်းအကျဉ်းချုပ်ရေးကာ ရှေ့ပြေးတပ်သားလေးအားပြန်ပေးလိုက်၏…။တပ်သားငယ်ပြန်ထွက်သွားမှ အဲလ်တန်စိတ်ရှုပ်စွာ စားပွဲခုံအားတစ်တောက်တောက်ခေါက်ရင်းစဉ်းစားနေမိသည်…။ခမည်းတော်က အိမ်ရှေ့စံရွေးချယ်ဖို့ဘာကြောင့်အလောတကြီးဆောင်ရွက်ရသည်လဲဆိုတာကိုပင်။တစ်ကယ်တော့ အဲလ်တန်တို့ညီအစ်ကိုသုံးယောက်လုံးက မင်းသားအဆောင်ယောင်တန်းတူ ၊လက်ရုံးရည်ချင်းမတိမ်းမယိမ်း ၊စစ်သည်အင်အားပိုင်ဆိုင်ထားသည်ကလဲ အညီအမျှပင်…အဲလ်တန်ကတော့အိမ်ရှေ့စံရာထူးမပိုင်ဆိုင်ချင်ပါ…သူအနာဂါတ်မွန်ဂိုရဲ့နဂါးပုလ္လင်ကိုလဲစိတ်ဝင်စားခြင်းအလျဉ်းမရှိ…သို့သော်ငြား ခမည်းတော်ကသူ့ကိုရွေးချယ်ခွင့်မပေးအောင်ပင် အမိန့်စာပို့လိုက်ပြီဖြစ်သည်..။အစ်ကိုတော်များနှင့်ယှဉ်ပြိုင်ကာ သူအိမ်ရှေ့စံနေရာမယူချင်ပါ…အကယ်၍များ မလွှဲမရှောင်သာဝင်ပြိုင်မိလို့အနိုင်ရခဲ့ပါလျင် ညီအစ်ကိုကြားစိတ်ဝမ်းမကွဲဘူးလို့မပြောနိုင်…ထို့အပြင်မတူညီသောမိခင်သုံးယောက်၏အလိုရမ္မက်တို့ကြား သူတို့ညီအစ်ကိုများရန်သူပင်ဖြစ်သွားနိုင်ကြသည်…။အိမ်ရှေ့စံရာထူးအကြောင်းတွေးမိသည်နှင့် အဲလ်တန်သက်ပြင်းမောကြီးမှုတ်ထုတ်လိုက်မိသည်…။သူဝင်ပြိုင်လို့အလျော့ပေးခဲ့ရင်တောင် ခမည်းတော်အကြောင်းကိုသူတို့သာအသိဆုံးပင်…ခမည်းတော်စိတ်ကျေနပ်မှု့မရမချင်း သူတို့တိုက်ခိုက်နေရမည်သာ…သူတစ်ကယ်ကိုမပြိုင်ချင်ပါ…။လေးကန်သောခြေလှမ်းများနှင့် အိပ်ဆောင်ဖက်သို့လှမ်းလာခဲ့ရင်း အတွေးတွေရှုပ်ရှက်ခတ်နေမိလျက်..။

My lovely "Chu" (Complete)Where stories live. Discover now