Part-3

1.2K 123 0
                                    

Unicode
🏇ပြည်တော်ပြန်မင်းသားနှင့်မမျှော်လင့်သည့်စစ်ရေးစစ်ရာ🎷

"အားမင်ရော....ဘယ်ရောက်သွားလဲ...အမြန်ခေါ်ခဲ့စမ်း"

"မင်းသားလေးမရှိပါဘူး သခင်ကြီး"

"ကျွတ်...ဒီကလေး...မြို့ထဲလျောက်သွားပြန်ပြီလား"

....ရေးလက်စ စုတ်တံကိုစားပွဲခုံပေါ်ပစ်ချရင်း ဖြူလာတဲ့မုတ်ဆိတ်မွှေးကိုပဲ စိတ်ပျက်စွာပွတ်မိသည်...ဒီမင်ချူဆိုတဲ့မင်းသားပေါက်စလေးဟာ တစ်ကယ်ကိုပဲအဆော့မက်သည်...တစ်လျောက်လုံးအလိုလိုက်ခံရကာ အဘိုးတော်သူကိုတောင် ရိုသေပေမယ့်ကြောက်တာမဟုတ်...ယခုဆို အသက်တစ်ဆယ့်ရှစ်နှစ်ပင်ကျော်လာပြီ...နန်းတွင်းမှလဲ ခြေမြန်တော်နဲ့စာကရောက်လာပြီ...မင်းသားနဲ့အတူ သူပါအခစားဝင်ဖို့တဲ့...မိမိကတော့ နန်းတွင်းကိုသွားဖို့သိပ်မသေချာ..သို့သော်ငြားလဲ ငယ်စဥ်ကတည်းကအနှီးထုပ်နဲ့ထိန်းခဲ့ရတဲ့ ကလေးမို့နန်းမြို့တော်ကိုလဲ ပြန်မလွှတ်ချင်...ခက်လိုက်တဲ့သံယောဇဥ်တွေ..ဟူး..။

"မိုမို..ဒါလေး..ဒါလေး...စားကြည့်..ရော့.."

"အဟွတ်..အဟွတ်..သခင်လေး..အဲ့တာတွေကအမြည်းကျွေးတာမဟုတ်ဘူး...ပိုက်ဆံနဲ့ရောင်းတာ..."

....စျေးတန်းတစ်လျောက် မိုချီနဲ့အတူ ဟိုလျောက်ဒီလျောက်လုပ်ပြီး အမြည်းကျွေးတဲ့မုန့်ပန်းကန်ထဲကနေလဲ အားမနာတန်းစားကောင်းရင်ကုန်သလောက်နီးနီးနှိုက်မြည်းနေတဲ့ မင်းသားကြောင့် မင်းသားတော့မသိမိုချီတော့ မျက်နှာကြီးဘယ်နားထားရမှန်းပင်မသိ...ယခုလဲနှိုက်မြည်းတာအရှိန်လွန်ပြီး ငွေနဲ့ရောင်းတဲ့ဗန်းထဲကိုလက်ကရောက်သွားကာ မုန့်တစ်ခုနှိုက်ယူပြီး သူမစားပဲမိုချီပါးစပ်ထဲ စွပ်ဆိုထိုးထည့်လာသည်...သတိပေးဖို့ဟထားတဲ့ပါးစပ်က လက်မြန်လွန်းတဲ့မင်းသားကြောင့် မုန့်ကြီးပါးစပ်မှာတစ်သွားတဲ့အဖြစ်ရောက်သွားရသည်....။

"ဟင်!...ဟုတ်လား...ငွေ..ငွေကမပါဘူး.."

"သ..သခင်..လေး.."

"သူ.စားတာ..သူရှင်းလိမ့်မယ်နော်..အဒေါ်..."

"သခင်လေး..ကျွန်တော့်မှာ ရှင်းဖို့ငွေမပါဘူးလေဗျာ..."

My lovely "Chu" (Complete)Where stories live. Discover now