Part-15

1K 143 13
                                    

💦ရေထိကာပွလာသောမုန့်ပေါက်စီ🍑

….မြေသားရောင်အုတ်ကြွပ်အမိုးနဲ့ တည်ဆောက်ထားသောမြင်းဇောင်းထဲ မင်ချူရောက်သွားတော့ များပြားလှသောမြင်းတွေက မနည်းမနောလှပေ….အင်းပေါ့လေ တပ်စုတစ်စုတင်ထောင်သောင်းမကတပ်သားတွေရှိနေတာ…မြင်းတပ်စုပဲ ဒီလောက်တော့ရှိမှာပေါ့…သန်မာထွားကျိုင်းလှသောမြင်းတွေကိုငေးကြည့်ရင်း မြင်းနှင့်ပက်သက်လျှင်အရူးအမူးချစ်သော မင်ချူ့မှာမွန်ဂိုပြည်မှမြင့်မားထွားကျိုင်းလွန်းသောမြင်းများကို သဘောအကျကြီးကျနေတော့သည်…တပ်သားများရဲ့မြင်းများကိုကျော်ဖြတ်လာပြီးနောက် တိတ်ဆိတ်သပ်ရပ်သော သီးသန့်မြင်းများထားရာအဆောင်ဖက်ကိုရောက်လာတော့၏….သစ်သားတံခါးတစ်ဝက်မျှကာရံထားသော မြင်းနေအိမ်အတွင်းမှ မည်းနက်တောက်ပြောင်နေတဲ့ဒေါင်ကောင်းလွန်းတဲ့မြင်းအနားသို့မင်ချူရောက်လာခဲ့သည်…ဒီမြင်းက ဘိုင်အဲလ်တန်ရဲ့အချစ်တော်မြင်းကြီး…အစာခွက်ထဲသို့ အစာအနည်းငယ်ခပ်ကာထည့်ပေးရင်း သစ်သားတံခါးကိုဖွင့်ကာ အတွင်းမှမြင်းချေးများကျူံးရန်ကြည့်လိုက်သည်…အခြားသောမြင်းဇောင်းများထက်ပိုကာ သန့်ရှင်းနေသည်မို့ များများစားစားသိပ်လုပ်စရာမရှိပဲအနည်းငယ်သန့်ရှင်းပေးလိုက်ရုံနှင့်ပင်လုံလောက်ပါသည်…နူးညံ့တဲ့မြင်းရဲ့လည်ဆံမွှေးဖွားဖွားများကို အသာယာပွတ်သပ်ပေးရင်းမှ..။

“မင်းကလူစိမ်းဆိုအကပ်မခံဘူးဆို…ငါ့ကျတော့ဘာလို့အကပ်ခံတာလဲ…ငါ့ကိုသဘောကျလို့လား..အင်းပေါ့ ငါကရုပ်တစ်အားချောတာလေ…မင်းသဘောကျတာလဲမဆန်းပါဘူး..မင်းသိလား ငါ့ရဲ့မြင်းကဘိုးဘိုးဆီမှာကျန်ခဲ့တယ်…သူကလဲမင်းလိုပဲအရမ်းအသန့်ကြိုက်တာ..မင်းကိုမြင်တော့သူ့ကိုတောင်သတိရလာပြီ…မင်းရေချိုးချင်လား ငါရေချိုးပေးမယ်လေ…ဒီမြင်းဇောင်းကိုကျော်သွားရင် မြောက်ဖက်နားလောက်မှာစားကျက်ခင်းတွေရှိတယ်လို့ အထိန်းတော်ကပြောတယ်…အဲ့ဖက်မှာစမ်းချောင်းလဲရှိတယ် မင်းရယ်ငါရယ်ရေသွားချိုးကျမလား…”

….တတွတ်တွတ်အနားကပ်ရင်းပြောနေတဲ့မင်ချူ့စကားကို အနှီမြင်းကြီးကနားလည်သည့်အလား သူ့ကိုပွတ်သပ်နေတဲ့မင်ချူ့လက်တွေကို လျာနဲ့ပြန်ကာလျက်နေ၏…ပူနွေးစိုစွတ်နေတဲ့လျာကြောင့် မင်ချူယားကျိကျိဖြစ်ကာ ထိုမြင်းကိုပိုပြီးသဘောကျသွားရပြီး ကျောကုန်းတစ်လျောက်ချော့မြှူပွတ်သပ်ပေးလိုက်သည်..ထိုအခါ တဟီဟီနဲ့ကျယ်လောင်စွာမြည်သံထွက်လာပြီး သံခွာတရှပ်ရှပ်နဲ့သူသဘောကျသည့်အမူအရာကိုဖော်ပြနေရှာ၏….။

My lovely "Chu" (Complete)Where stories live. Discover now