Part-1

2.9K 125 9
                                    

Unicode
🔯နမိတ်မှားနဲ့နယ်နှင်ခံရခြင်း🔯

"မင်းသား ၁၂ကို ဦးရီးတော်မင်သခင်ကြီးဆီကိုပို့ပြီး မွေးစားစောင့်ရှောက်ပေးစေချင်ပါတယ်"

"အမတ်မင်းရဲ့ စကားဟာသင့်မြတ်လှကြောင်းပါအရှင်..စဥ်းစားဆင်ခြင်တော်မူပါ.."

"နမိတ်စကားနဲ့ရှေ့ဖြစ်ဟောတွေအရ အရှင့်ရဲ့ဘုန်းတန်ခိုးကိုကျဆင်းစေပြီး တိုင်းပြည်ကိုပျက်စေမယ့်ကံကြမ္မာကို မင်းသားငယ်လေးကသယ်ဆောင်လာပါတယ်..နောက်ထပ်တစ်ခုက မင်းတို့ရဲ့သွေးကိုညစ်နွမ်းစေမယ့်သူလို့ တိုင်းပြည်ရဲ့နတ်ဆရာကြီးကဟောထားပါတယ်အရှင်..ဆင်ခြင်သုံးသပ်ပေးပါ.."

...ဆူညံလှတဲ့ ညီလာခံမှာ ဘုရင် ချန်ဝူရီတစ်ယောက် ချွေးပြန်နေပေပြီ..အမတ်မင်းတွေရဲ့လျောက်တင်သံတွေက သူ့ရဲ့နှလုံးသားကိုဓားနဲ့ခွဲနေသကဲ့သို့ပင်...ဆူပူမှု့ရဲ့အကြောင်းအရာကတော့ သူ့ရဲ့ချစ်လှစွာသောမိဖုရားကြီးမှ မကြာသေးမီကမွေးဖွားလာတဲ့ သားတော်လေးကြောင့်ပင်...အဆင်းရူပကာပြည့်စုံသည်ထက်ပိုမိုတောက်ပလွန်းတဲ့ သားတော်လေးဟာငယ်ရွယ်သေးတာတောင်ချောမောလွန်းလှသည်...ကြည်လင်တဲ့အသားရေမှာ မည်သူနှင့်မျှမတူပဲတမူထူးခြားကာ ပို၍ပင်လှပသေးသည်လေ..မိဖုရားကြီးသာ ဒီအကြောင်းရာသာကြားလျှင် မည်မျှကြေကွဲဆို့နင့်မည်လဲ...သူမရဲ့ သားတော်ငယ်လေးက အမည်နာမပင်မသတ်မှတ်ရသေး နယ်နှင်ခိုင်းနေကျပြီ....တိုင်းပြည်ရဲ့နတ်ဆရာကြီးက ဟောချက်ထုတ်ထားတာမို့ မလိုက်နာ၍ကလဲမရပေ...သူဘာလုပ်ရမည်လဲ...။

"ကိုယ်တော်စဥ်းစားပါရစေဦး...မိဖုရားကြီးကိုပြောဖို့ရာလဲ အချိန်လိုသေးလို့ပါ.."

"အချိန်ကအရမ်းတော့မကြာသင့်ကြောင်းပါအရှင်..သားတော်ငယ်ဟာ အရှင့်အနားမှာရှိရင် ကံကြမ္မာဆိုးတွေကြောင့် ဘုန်းတန်ခိုးတွေနိမ့်ပါးကာ တိုင်းပြည်အတွက်စိုးရိမ်လှပါတယ်.."

"...."

...ဆိတ်ဆိတ်နေတဲ့ဘုရင်မင်းမြတ်ကြောင့် အမတ်မင်းတွေဟာဘာမှဆက်မပြောတော့ပဲညီလာခံကနေ အသီးသီးထွက်ခွာခဲ့ကြတယ်..ဘုရင်တစ်ယောက်ရဲ့သြဇာဟာ မည်မျှပင်ကျယ်ပြန့်စေကာမူ အတိုက်အခံတွေများလှတဲ့ မူးမတ်တွေရဲ့အသံကိုမထိန်းချုပ်နိုင်ဘူး..ခေတ်အဆက်ဆက်ဘုရင်တွေဟာ မူးမတ်တွေ အင်အားတောင့်တင်းတဲ့အမတ်တွေကြောင့် မိမိတို့ထီးနန်းတည်မြဲအောင် အပြင်းအထန်ကာကွယ်ခဲ့ရတဲ့ သူတွေဟာလက်ညှိုးထိုးမလွဲပေ...။

My lovely "Chu" (Complete)Where stories live. Discover now