Part-38

1K 106 4
                                    

🏃ရှင်ဘုရင်၏ချစ်သူကထွက်ပြေးသွားတယ်🏃

“ခမည်းတော်….ချန်းကော…ကျရှုံးသွားပါပြီ”

အသက်ဝိညာဉ်ကင်းမဲ့နေသော ဘိုင်ချန်းအားပွေ့ချီလျက်အနေထားနှင့် အဲလ်တန်..ခမည်းတော်ရှေ့ရောက်လာ၏ ။သူ၏အသံကြားသည်နှင့် ခေါင်းကိုလက်ချောင်းများဖြင့်ဖိနှိပ်ထားရင်း ခေါင်းငိုက်စိုက်ကျနေသည့် ဘုရင်မင်းမြတ်ကတဖြည်းဖြည်းဦးမော့လို့လာသည် ။ခေါင်းမော့လာချိန်မှာ အဲလ်တန်လက်ထဲမှ ဘိုင်ချန်းကိုစူးစိုက်စွာတစ်ချက်မျှကြည့်ရင်း တည်ငြိမ်နေသောမျက်ဝန်းများထဲတွင် နာကျင်ဝမ်းနည်းရောင်အနည်းငယ်ဖြတ်သန်းသွားသည်။ခုံပေါ်မှဖြေးညှင်းစွာထလာရင်း အဲလ်တန်အနားသို့ရောက်လို့လာ၏…အဲလ်တန်လက်အတွင်းမှ ဘိုင်ချန်း၏ဦးခေါင်းအားလက်ဖြင့်အသာယာတစ်ချက်မျှဖွဖွပုတ်ရင်း မျက်ဝန်းအကြည့်များကဘိုင်ချန်းမျက်နှာပေါ်တွင်သာကျရောက်နေလျက်..။

“မင်းသားတစ်ကို ကောင်းမွန်စွာအခမ်းအနားနဲ့ မင်းမျိုးမင်းနွယ်ဂူသချိုင်းမှာပဲ မြှုပ်နှံပေးလိုက်ပါ”

“ခမည်းတော်…အစထဲကသာ ချန်းကောအပေါ်မှာ အခုလိုဂရုစိုက်ပါတယ်ဆိုသာအနည်းငယ်သာပြခဲ့ရင်ပိုကောင်းမှာ…အခုတော့…သူ့ကိုကျွန်တော်တို့ဂရုစိုက်ပါတယ်…ချစ်ခင်ပါတယ်ဆိုတာမသိသွားပဲနဲ့…သူ့ရင်ထဲမှာအပယ်ခံလိုခံစားပြီးသေဆုံးသွားခဲ့ရတာ…အစထဲကသာဂရုစိုက်ပေးခဲ့ရင်…”

“ငါ…သူ့ကိုငါ့ရဲ့သားတော်တွေထက်မချစ်ခဲ့ပေမယ့်…ဂရုစိုက်ပေးခဲ့ပါတယ်…အဆောင်အယောင်…စည်းစိမ်…အကုန်အပြည့်စုံပေးခဲ့တာပဲ...ငါ့လက်တွေနဲ့ချီပိုးခဲ့ဖူးတယ်…ဘာတွေများထပ်ပေးရဦးမှာလဲ…တစ်ချို့သောအရာတွေက ကိုယ့်အတွက်မဟုတ်ဘူးဆိုတာသူနားလည်သဘောပေါက်ခဲ့ရင်..ဒီအဖြစ်မျိုးမဖြစ်လာဘူး..”

“ဒါပေမယ့် ခမည်းတော်တို့ရဲ့အရေးကိစ္စအရှုပ်အထွေးတွေက ချန်းကောနဲ့ဘာမှမဆိုင်ခဲ့ဘူး…အစထဲကမှမေတ္တာတရားတွေမပေးနိုင်ရင် ချန်းကောကိုသားအဖြစ်လက်မခံခဲ့သင့်ဘူး…ကျွန်တော့်အတွက်တော့ အမြဲတမ်းအတွက်အစ်ကိုတော်တစ်ယောက်ဆုံးရှုံးခဲ့ရပြီ”

My lovely "Chu" (Complete)Where stories live. Discover now