Part-8

1K 113 4
                                    

Unicode
🎎မမျှော်လင့်ပဲကိုယ်လုပ်တော်စာရင်းဝင်သွားခြင်း🎎

"ခြေထောက်ကဒဏ်ရာက အရမ်းနာတာပဲ...ဒါတောင် အရမ်းမနက်လို့တော်သေးတယ်...နောက်ထပ်ရက်နည်းနည်းသွားပြီးရင် မွန်ဂိုတိုင်းပြည်ထဲကိုရောက်ပြီ...အဲ့အခါကျ ငါဘယ်လိုထွက်ပြေးရမလဲ...ဘိုးဘိုးရော ငါပျောက်သွားတာသိရဲ့လား လိုက်ရှာနေပါ့မလား...ပြီးတော့မိုချီ အရမ်းသတိရတာပဲ...ဘိုးဘိုး ကျွန်တော် အိမ်ပြန်လာချင်တယ် ပြန်လာခေါ်ပါ...."

......နှင်းရည်စက်တွေအနည်းငယ်စိုစွတ်နေတဲ့ မြက်ခင်းမခြောက်တခြောက်ပေါ် ဖင်ထိုင်ချရင်း တစ်ယောက်တည်းကောင်းကင်ကိုမော့ကြည့်ကာ တိုးသက်စွာရေရွတ်မိသည်...ယခုလိုမိန်းမဟန်နဲ့သူဘယ်အချိန်ထိဖုံးကွယ်ထားနိုင်ပါ့မလဲ...သူသာ ချင်တိုင်းပြည်ရဲ့အိမ်ရှေ့စံဆိုတာ သိသွားရင် သတ်ပစ်ကြမည်ထင်ပါရဲ့...ပျော့ညံသူမဟုတ်ပေမယ့်လဲ စိတ်ဓာတ်တော့ကျမိသည်...ဘယ်ကိုပဲကြည့်ကြည့် သူရင်းနှီးကျွမ်းဝင်သူတစ်ယောက်မှမရှိ....အဖမ်းခံလာရသောမိန်းမတစ်ချို့ထဲ အပျိုတော်တစ်ချို့ပါလာသည်..သူ့ကိုအနီးကပ်မမြင်ဖူးလဲ အဝေးကနေတော့မြင်ဖူးကြမှာပဲ...ဒီထဲက တစ်ယောက်ယောက်သာမှတ်မိသွားရင်ဒုက္ခ...အတွေးတွေနဲ့မလုံခြုံမှု့တွေက သူ့ကိုတစ္ဆေတစ်ကောင်နှယ်ခြောက်လှန့်လို့နေသည်...ချင်တိုင်းပြည်ကလှည်းတန်းနားလဲသွားမထိုင်ရဲ မတော်သူ့ကိုမှတ်မိမှာစိုးရသည်...ခပ်ကုပ်ကုပ်လေး ဒူးနှစ်ဖက်ထောင်ကာ လက်နဲ့ယှက်သိုင်းရင်းမျက်နှာမှောက်ချကာ တစ်ခဏအိပ်ပျော်ဖို့ကြိုးစားမိသည်..။

"ဒီမှာ....ဟိတ်...ကျွတ်...မြက်တောထဲလဲအိပ်ပျော်တာပဲလား....ဘယ်လိုဟာလေးမှန်းကိုမသိဘူး"

....သူ့အရှေ့ကခပ်ကုပ်ကုပ်လေးဒူးထောင်မျက်နှာအပ်ကာ အိပ်နေသူကိုအဲလ်တန်အသာခေါ်လဲမကြားပေ...အနားမှာ ငုတ်တုတ်ထိုင်ချတော့ ရှည်လျားတဲ့သူ့အရပ်က သူမကိုပင်အုပ်လွှမ်းမတတ်ဖြစ်နေသည်...လက်တကမ်းအကွာမှာ ခဏထိုင်ပြီးကောင်းကင်ကကြယ်ရောင်မှိန်မှိန်များကိုမော့ကြည့်မိရင်း သူမဖက်ငဲ့စောင်းလို့ပြန်ကြည့်လိုက်စဥ် ခေါင်းလေးတစ်ဖက်စောင်းကာမျက်နှာလေးကတစ်ဝက်တစ်ပျက်ပေါ်လာ၏...ထူတန်းတန်းမျက်ခုံးတွေ ပါးလှပ်လှပ်နီတာရဲနှုတ်ခမ်းပါးတွေ...အင်း အရမ်းကိုစွာလန်ကျဲပဲ.....မြက်ခင်းပြင်ပေါ်ပက်လက်လှန်လှဲချရင်း သူငြိမ်နေမိပြီး ခဏအကြာသူမအာရုံကအနားမှာသူရှိတာကိုခံစားမိသွားသည်ထင် မျက်လုံးတွေပွင့်လာတော့သည်...။

My lovely "Chu" (Complete)Where stories live. Discover now