Part-16

1K 146 9
                                    

💘အမှတ်တမဲ့တိုးဝင်လာသောချစ်ခြင်း💘

….အတွင်းဝတ်ရေစိုအဝတ်များကို ခြုံနှင့်ကျောက်တုံးများအကွယ်နေရာတစ်ခုမှာ ရေစင်အောင်ညှစ်ချပြီး နေရာမကျသော ရွှေရင်နှစ်မွှာကိုလဲ ရေပြန်ညှစ်တင်းနေအောင်ပြန်စည်းပြီး...အပေါ်ဝတ်ရုံထပ်ဝတ်ပြီးနောက် အပြင်သို့ပြန်ထွက်လာစဉ်…ရေစိုအဝတ်များနဲ့မြင်းအနားမတ်တပ်ရပ်နေသော ဘိုင်အဲလ်တန်ကိုတွေ့ရသည်..။

“ရှင့် အကျီတွေရေတွေစိုနေတုန်းပဲ…အအေးပတ်သွားလိမ့်မယ်…ရေမညှစ်ဘူးလား..”

“ထားလိုက်…ဒီရေနည်းနည်းနဲ့ငါဘာမှမဖြစ်နိုင်ဘူး…”

“အိုက်ယား…ရှင်ကလေ အရမ်းကိုညစ်ပတ်တယ်…ရေစက်လက်နဲ့မြင်းပေါ်တက်ရင်..မြင်းကျောကုန်းအအေးပတ်ကုန်မှာပေါ့..”

“???”

….စကားအမျှင်မပြတ်သေးခင်မှာတင် မင်ချူကမြန်ဆန်စွာပဲအဲလ်တန်ရဲ့ဝတ်ရုံစကိုဆွဲကိုင်နေနှင့်ပြီးသားဖြစ်နေ၏..။

“ရတယ်..မလုပ်နဲ့…ငါ..ရတယ်..ဆိုနေ…”

“ငြိမ်ငြိမ်နေစမ်းပါ…အကောင်းနဲ့လုပ်ပေးနေတာကို..ချွတ်..အဲ့အပေါ်ဝတ်ကို…”

….သူ့စကားကိုအဖတ်ပင်မလုပ်ပဲ လက်ဖြူဖြူလေးများနဲ့ လျင်လျင်မြန်မြန်ပဲအပေါ်ဝတ်ရုံရဲ့ခါးစည်းကြိုးကိုပင်ဖြုတ်နေချေပြီ…လန့်ဖြန့်စွာကြိုးဖြေနေတဲ့လက်ကိုဆုပ်ကိုင်ဖမ်းဆီးကာမှ ပို၍ပင်သူ့အတွက်ကတုန်ကယင်ဖြစ်သွားကာ သူမလုပ်သမျှကိုမတားဆီးတော့ပဲ တောင့်တောင့်ကြီးသာရပ်နေမိတော့၏….အင်း အခုအခြေနေကဘယ်လိုမျိုးလဲဆို…ရေချိုးသန့်စင်ပြီးသွားတဲ့ခင်ပွန်းဖြစ်သူကို မိန်းမဖြစ်သူကပြင်ဆင်ပေးနေတာနဲ့တူတယ်…အဟွတ်..ဘယ်လိုပေါက်ကရအတွေးမျိုးလဲ…သူမသိသွားရင်ခက်ရချည်ရဲ့…သူ့ရဲ့ အဝတ်တွေကိုတစ်လွှာချင်း တစ်ထပ်ချင်းချွတ်ကာရေကိုညှစ်ထုတ်နေတဲ့ သူမကိုခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်…ရေမခြောက်တခြောက်အဝတ်တွေနဲ့သူမရဲ့ ကိုယ်လုံးလေးကရှည်ရှည်သွယ်သွယ်လေး…မွန်ဂိုမိန်းကလေးများလိုတစ်နေရာမှစိတ်ကျေနပ်ဖွယ်ဖုဖောင်းမနေ….သူမက သာမာန်မိန်းမပျိုလေးများထက်အရပ်ရှည်သည်…မွန်ဂိုမိန်းကလေးများလိုလေးထောင့်စပ်စပ်မျက်နှာအနေထားမဟုတ်ပဲ သူမ မျက်နှာလေးကဝိုင်းသလိုနဲ့ မေးစိနားကျချွန်ချွန်လေး….ရှေ့တည့်တည့်ပြန်ရပ်ကာ သူ့ကိုအဝတ်တွေပြန်ဝတ်ပေးနေသော သူမကိုငုံ့ကြည့်လိုက်တော့….ဒီအချိန်အရပ်ရှည်တာ တော်တော်အသုံးဝင်တာပဲ…သူ ခိုးကြည့်နေတာသူမ မသိတော့ဘူးလေ…အကျီကိုပြန်ပြီးသပ်ရပ်အောင်ကြိုးစည်းပေးနေတဲ့ သူမက တည်တည်ငြိမ်ငြိမ်ပါပဲ….ယပ်တောင်တစ်ခုဖြန့်ကာထားသလိုမည်းနက်နေတဲ့ မျက်တောင်လေးများက သူမရဲ့မျက်ဝန်းကို အနုစိတ်ကာရံပေးထား၏…သူမရဲ့ အရပ်ကသူ့ရဲ့ပခုံးကိုအနည်းငယ်မျှကျော်ရုံလေးရယ်…သူမ ကဘယ်တော့မှလဲသူ့ကိုမကြောက်လန့်သော တစ်ဦးတည်းသောသူပါလေ…သူမလုပ်ကိုင်ချင်လာပြီဆို အကြောက်အလန့်မရှိလုပ်တတ်တာက ယခုနောက်ပိုင်း သူသတိထားမိလာသောအခြေနေတစ်ခု…။

My lovely "Chu" (Complete)Where stories live. Discover now