Part-40

1.1K 102 4
                                    

🎎နှစ်ကိုယ်တူထိမ်းမြားလက်ဆက်ပွဲ🎎

အသက်ရှုသံမျှင်းမျှင်းလေးနှင့် ပါးစပ်လေးပင်ဟကာ အိပ်မောကျသွားသည့် ရင်ခွင်ထဲမှသူကို အဲလ်တန်ထွေးပွေ့ရင်း တစိမ့်စိမ့်ကြည့်နေမိသည် ။ချစ်ခြင်းတရားကအရမ်းဆန်းကြယ်တယ်ဆိုတာ သူလက်ခံနိုင်သွားပြီ ။ချောမောလှပပြေပြစ်သည့် မိန်းမပျိုလေးများထက် ယခုသူ၏ရင်ခွင်ထဲအိပ်စက်နေပါသည့်သူမှတပါး အခြားသူများအားစိတ်အစဉ်ထဲခဏမျှတောင်ပျော်မွေ့ခံစား၍မရချေ ။အိပ်ပျော်နေသည့်သူ၏ ဦးခေါင်းမှဆံယဉ်စထုံးဖွဲ့ထားသည့် ကျောက်စိမ်းဆံထိုးလေးအား ဖယ်ရှားလိုက်သည်နှင့် အိပ်ယာပေါ်အိခနဲပုံကျလာပါသည့် ဆံစလေးတွေ…။

“မင်းဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ မင်ချူ….ကိုယ်တော့မင်းမရှိပဲနေနိုင်တော့မယ်မထင်ဘူး…အရမ်းချစ်တယ်”

တစ်ကိုယ်တည်းရေရွတ်ရင်း နဖူးပြင်အားတစ်ချက်နမ်းရှိုက်လိုက်ပြီးနောက် မင်ချူ့အားစောင်နှင့်နွေးထွေးစွာလွှမ်းခြုံပေးပြီးနောက် အဲလ်တန်အိပ်စက်ရာမှထကာ အခန်းပြင်ထွက်လာခဲ့၏..။အိပ်ဆောင်ကနေတစ်ဆင့် လျောက်လမ်းအတိုင်းလှမ်းလာရင်း မီးရောင်တို့ထိန်လင်းနေသည့် အဆောင်တော်တစ်ခုထဲအဲလ်တန်ဝင်သွားလိုက်သည်။အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လက်နောက်ပစ်လျက်လမ်းလျောက်နေပါသည့် ဦးရီးတော်မင်ရှိနေ၏ ။တံခါးဖွင့်သံကြောင့်လှမ်းကြည့်တော့ဝင်လာသည့်အဲလ်တန်ကိုမြင်သည်နှင့် ခုံတွင်ထိုင်ရင်ညွှန်ပြရင်း သူပါခုံတစ်လုံးပေါ်ဖင်ထိုင်ချလိုက်လျက်..။အတော်ကြာသည်အထိနှစ်ဦးသားတိတ်ဆိတ်နေပြီးမည်သူမျှဘယ်ကနေစကာပြောရမှန်းမသိဖြစ်နေကြချေ၏..။

“မင်ချူက…”

“ကျွန်တော်…”

တပြိုင်တည်းထွက်လာသည့်စကားတို့ကြောင့် အချင်းချင်းမျက်လုံးဆုံသွား၏..။

“ဦးရီးတော်အရင်ပြောပါ…”

အဲလ်တန်က ခေါင်းအသာညိတ်ပြရင်း ဦးရီးတော်မင်အားအရင်စကားစဖို့လမ်းကြောင်းပေးလိုက်၏..။

My lovely "Chu" (Complete)Where stories live. Discover now