Part-13

1K 100 4
                                    

💞ရင်ခုန်ခြင်းအစသေရည်မူးခြင်းက🍾


“ရှပ်..ရှပ်…ရှပ်..”

…..နောက်ပါးဆီမှ ခြေသံဖွဖွကြောင့် အဆောင်ရဲ့အဝင်ဝကိုကျောပေးကာရပ်နေသော အဲလ်တန်ရဲ့ဦးခေါင်းတို့က နောက်ဖက်သို့လည်ပြန်ကာစောင်းငဲ့ကြည့်လိုက်စဉ်…လှတယ် အင်း လှတယ်ဆိုတာထက် ကျော့ရှင်းပြီးချောမောနေတာ…စသည့်ဖြင့် မှတ်ချက်အနည်းငယ်က ကြည့်ရှု့လိုက်သည့်မျက်ဝန်းထက် လျင်မြန်စွာဦးနှောက်ကိုသတင်းပို့ပြီး တိုးတိတ်စွာမှတ်ချက်အနည်းငယ်ပြု၏..။

“ဟို..ကျမ ပွဲတော်အတွက်ပြင်ဆင်လာတာ အဆင်ပြေပါ့မလားမသိဘူး…ကျမအဆောင်မှာ အကျီတွေကသိပ်မရှိသေးလို့ပါ…”

…..တိုးတိတ်ညံ့သက်လှတဲ့ စကားသံနှင့်အတူ သူမကိုယ်သူမလိုအပ်ချက်ရှိသည့်ဟန်နှင့် မင်ချူကမလုံမလဲဖွင့်ဟလာသည်…သူမ စကားကြောင့်အဲလ်တန်က သူမတစ်ကိုယ်လုံးကိုလျင်မြန်စွာဝေ့ဝဲကြည့်လိုက်၏…အဖြူရောင်ပိုးချည်ဖြင့်ဖွေးစွတ်စွာရက်လုပ်ထားသော မွန်ဂိုဝတ်စုံက အပြာနဲ့ရွှေရောင်ရောစပ်ရက်လုပ်ထားသေအနားသတ်က အကျီကိုဘောင်ခတ်ပေးထားကာ  ဒူးတစ်ဝက်အထိရိုးရှင်းစွာရှည်လျားပြီး ဒူးတစ်ဝိုက်မှာသားမွှေးအနည်းငယ်နဲ့အလှဆင်ထားသည်…ထို့နောက်ခြေဖျားတို့ဆီ အကြည့်ရောက်ပြန်တော့ သားရေညိုရောင်ခြေစွပ်ရှည်ဖိနပ်နှင့် သွယ်လျတဲ့ခြေတံလေးမှာပနံတင့်လှစွာ….မျက်ဝန်းအကြည့်တွေက ခန္ဓာကိုယ်အထက်ပိုင်းသို့စုံဆန်ပြန်တက်လာပြန်တော့ ကျောလယ်ထိဖြောင့်စင်းစွာရှည်လျားတဲ့ဆံနွယ်တို့ရှိရာ ဦးခေါင်းမှာ ဖြူလွှလွှဦးပေါင်းက ပုလဲတန်းအချို့အစီအရီသူမရဲ့ပြေပြစ်တဲ့နဖူးထက်မှသည် နားထင်နားအထိလှုပ်လီလှုပ်လဲ့ယိမ်းနွဲ့နေရှာသည်….အဲလ်တန်ရဲ့စူးနစ်နစ်စိုက်ကြည့်ခံစားရမှု့ကိုခံလိုက်ရတဲ့ သူမကအနေခက်ဟန်နဲ့ လည်ဂုတ်သားကိုမသိမသာပွတ်သပ်နေ၏..။

“ရပါပြီ..ဒီလောက်ဆိုမင်းအဆင်ပြေပါတယ်…ငါတို့ကအကြာကြီးလဲနေမှာမှမဟုတ်တာ..သွားရအောင်..”

“ဟေး..တို့ညီလေးက ဒီညတစ်ကယ်ကိုအလှလေးနဲ့ပွဲတက်မှာပဲ….သမိုင်းမှာအမှတ်ရနေတော့မှာပဲကွာ..”

My lovely "Chu" (Complete)Where stories live. Discover now