Final Part-(ပထမပိုင်း)

1.2K 78 2
                                    

"ချစ်ရပါသော ချူ"
ဇာတ်သိမ်းပိုင်း (က)


မွန်ဂိုရဲ့ဆောင်းဦးရာသီကတဖြည်းဖြည်းတိုးဝင်လို့လာခဲ့သည်နှင့်အမျှ ချမ်းစိမ့်နေတဲ့အာရုဏ်ဦးမနက်ခင်းမှာ နန်းတော်ရဲ့အရှေ့ဖက်မုဒ်ဦးတံခါးသို့ တော်ဝင်ကိုယ်ရံတော်အဝတ်အစားများနှင့်ခေါင်းထိပ်ရှိဦးထုပ်တွင်ဒေါင်းမြှီးကိုလှပစွာဆင်မြန်းထားသည့်နန်းတွင်းတပ်ဖွဲ့ဆိုက်ရောက်လို့လာ၏။ရှေ့ပြေးကိုယ်ရံတော်အဖွဲ့ရဲ့အလယ်တွင် မွန်ဂိုအလံတော်တလွင့်လွင့်လွှင်ထူထားပါသည့်မြင်းလေးကောင်ဆွဲသည့်ဘုရင့်ရထားလုံးကထည်ဝါစွာတည်ရှိလျက်သား။စစ်သည်တော်တို့မှာရထားလုံးကိုမြင်သည်နှင့်ခရာသံကိုမြိုင်ဆိုင်စွာအချက်ပြမှုတ်ရင်း ကြီးမားလေးလံသော နန်းတော်တံခါးဝအားအလျင်အမြန်ဖွင့်ကြိုဆိုကြသည်။

"ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ"

မြင်းလေးကောင်တပ်ရထားလုံးက ​ခါးကိုညွှတ်ခေါင်းကိုငုံ့လျက်ခစားနေသည့်စစ်သည်တော်တို့အနီးမှခွာသံတဖြောင်းဖြောင်းပေးကာ မာန်အပြည့်ဖြင့်နန်းတော်တွင်သို့ဝင်သွား၏။တိတ်ဆိတ်ငြိမ်သက်နေသော အာရုဏ်ဦးမနက်ခင်းသည် ရထားလုံးကတော်ဝင်ဘုရင့်နန်းဆာင်ရှေ့ရောက်သွားသည်နှင့် သုတ်သီးသုတ်ပြာကြိုဆိုကြသည့် အထိန်းတော်များ အစောင့်အကြပ်များနှင့်စည်ကားလို့သွား၏။

"အရှင်မင်းကြီး ခရီးလမ်းသာယာဖြောင့်ဖြူးခဲ့ပါရဲ့လား ကျွန်တော်မျိုးအကြိုနောက်ကျလို့ခွှင့်လွှတ်ပါ"

အပါးတော်မြဲအထိန်းတော်ကြီးက ခရီးဦးကြိုပဋိသဋာစကားနှင့်အတူ အရိုအသေပါတစ်ဆက်တည်းညွှတ်ပြရင်းသူ၏ဘုရင်မင်းမြတ်အားဆီးကြိုရှာ၏။

"အထိန်းတော်ကြီး...ခရီးဆိုက်ရောက်မယ်လို့ကိုယ်တော်မှအကြောင်းမကြားထားတာ ကိစ္စမရှိပါဘူး"

"အရှင်တို့အနားယူဖို့ ကျွန်တော်ပြင်ပြီးပါပြီ"

အထိန်းတော်ကြီးရဲ့မြန်ဆန်တဲ့စီမံမှု့အောက်မှာ အရှင်နှစ်ပါးအနားယူရန်အတွက် တခဏချင်းပြင်ဆင်ပြီးစီးသွား၏။သပ်ရပ်လှပစွာ ထည်ဝါမှု့တို့သွန်းလောင်းထားသည့် အိပ်ဆောင်က ရွှေခြည်ပဝါပါးတို့က တလွင့်လွင့်။

My lovely "Chu" (Complete)Where stories live. Discover now