Part-21

978 95 0
                                    

🧐စုံစမ်းထောက်လှမ်းခြင်းအမှု့စတင်ခြင်း🧐

“အဲလ်တန်! !”

သူ့ကိုဖက်ရင်း ငြိမ်သက်နေသူအား မင်ချူအသံပေးကာခေါ်ရင်း လက်မောင်းအားတစ်ချက်ပုတ်လိုက်၏…။

“အရင်ခေါ်တဲ့အတိုင်းခေါ်ပါလား ကိုယ့်ကို”

“ဟမ်..အရင်ကလဲဒီတိုင်းပဲခေါ်တာလေ…ဘာများပြောင်းလဲသွားလို့လဲ”

“မဟုတ်ဘူးလေ...မင်းတစ်ကယ်မူးလာရင်ကိုယ့်ကိုခေါ်တဲ့ဟာရှိတယ်”

“မူးလာရင် !...ကျမ မူးလာရင ်ရှင့်ကို ဘယ်လိုခေါ်လို့လဲ ?”

“ကိုကို !!”

“…………”

အဲလ်တန်နှုတ်က ထွက်လာတဲ့စကားသံနောက်မှာ မင်ချူဆီမှအပ်ကျသံပင်ထွက်မလာတော့ချေ…။

“ရှောင်ချူ…ကိုယ်ပြောတာကြားလား…အဲလ်တန်လို့ခေါ်တာကြီးက မင်းနဲ့ကိုယ်ကြားစိမ်းနေသလိုပဲ….ကိုယ့်ကိုမင်းမူးလာရင်ခေါ်တဲ့အတိုင်းခေါ်ပါလား”

“သေလိုက်လေ..”

ထိုသို့ပြောပြီးနောက် အဲလ်တန်ကိုယ်လုံးအား အိပ်ယာခင်းပေါ်ပက်လက်လန်အောင်တွန်းချပစ်လိုက်သည်…။ တဟက်ဟက်ရယ်သံနဲ့အတူ မျက်ဝန်းတွေမှေးကျဉ်းသွားသည်အထိ သဘောတကျရယ်နေသော အဲလ်တန်က ကုတင်ပေါ်တစ်စောင်းထိုင်နေတဲ့ မင်ချူ့လက်ကိုဆောင့်ဆွဲလိုက်၏..။အရှိန်မထိန်းနိုင်စွာ ပုံပျက်ပန်းပျက် လဲကျလာသောကိုယ်လုံးလေးကို အသာဆီးပွေ့ရင်းလှုပ်မရအောင်ဖိထားလိုက်သည်…။

“အိပ်တော့…မရုန်းနဲ့တော့…ကိုယ်အိပ်ချင်နေပြီ”

သူ့ဆီမှ စကားသံကြားသည်နှင့် တွန်းထိုးရုန်းကန်ရန်ပြင်နေသော သူမ ကငြိမ်ငြိမ်လေးဖြစ်သွားသည်…။ အိပ်စင်ဘေးမှ ဖယောင်းတိုင်ဆီမီးအလင်းရောင်အားမှိတ်လိုက်ချိန်မှာတော့ တဆက်တည်းကျလာသော ခန်းစီးလိုက်ကာနှင့်အတူ အသက်ရှုသံမျှင်းမျှင်းလေးများက မရှေးမနှောင်းထွက်ပေါ်လို့လာ၏…။

“အရှင်…နေမွန်းတည့်ချိန်လောက်ဆိုရင် ခါခန်းမြို့ထဲကိုဝင်ပါပြီ”

My lovely "Chu" (Complete)Where stories live. Discover now