Part-7

1K 107 0
                                    

Unicode
🕷️အမှတ်တမဲ့မှသည် နှလုံးသားဆီသို့🕸️

....အချိန်အတော်ကြာ ခရီးနှင်ပြီးနောက်မှောင်ရိပ်သန်းစအချိန်မှာ ရှေ့ကသွားနှင့်သော စစ်ကြောင်းကိုမှီလာသည်...ယခုထိသူ့ရဲ့ ရင်ခွင်ကိုမှီကာ အိပ်မောကျနေသူကြောင့် မြင်းဇက်ကြိုးကိုဆွဲကိုင်ရင်း သူမ ပြုတ်မကျအောင်ဟန်ချက်ညီညီထိန်းထားရတာ အဲလ်တန်နောက်ကျောတစ်ခုလုံးနဲ့ခါးကညောင်းကိုက်နေပြီဖြစ်သည်...။

"မိန်းမတွေက အရမ်းကိုဒုက္ခပေးတာပဲ"

.....မသိမသာညည်းညူပြီးနောက် ညအိပ်စခန်းချဖို့ပြင်နေတဲ့ ဘိုင်ချန်းတို့ဗိုလ်တဲနားမြင်းကိုအသော့နှင်လိုက်သည်...သူ့ရဲ့မြင်းခွာသံကြားတော့တဲနားမှာ မတ်တပ်ရပ်စစ်ဆေးကြည့်ရှု့နေတဲ့ ဘိုင်ချန်းကလှည့်ကြည့်လာ၏...။

"မြေခွေးလေး..ပင်ပန်းသွားပြီ...သူမကတကယ်ကိုအဆိုးအပေလေးပဲ...သူမအိပ်ပျော်နေတာလား"

"ဗြန်း.!!"

"အ.."

"ညီလေး!!!"

.....ဘိုင်ချန်းနဲ့စကားအေးဆေးပြောနေရာကနေ အဲလ်တန်ရဲ့ညာလက်ကမြောက်တက်သွားပြီး တစောင်းလေးဖောင်းထွက်နေတဲ့ မင်ချူတင်ပါးကိိုရိုက်ချသည်..ဖြန်းကနဲအသံနှင့်မရှေးအနှောင်းနာကျင်စွာအော်သံနှင့်အတူ ပြူးတူးပြဲတဲနဲ့အလန့်တကြားမင်ချူနိုးလာ၏...သူတို့မြင်းဘေးနားရပ်စကားပြောနေသော ဘိုင်ချန်းလဲကြောင်စီစီကြည့်နေမိကာ သူ့ရဲ့ညီဖြစ်သူအိပ်ယာမှနှိုးခြင်းက မထိတ်သာမလန့်သာ.....အိပ်မှုံစုံမွှားနဲ့ဘေးဘီကိုအကဲခတ်ပြီးမှ လက်ရှိအခြေနေကို မင်ချူကအသိပြန်ဝင်လာ၏....အစောပိုင်းကခြေထောက်မှနာကျင်လွန်းတဲ့တဆစ်ဆစ်ကိုက်ခဲမှု့ကို မခံစားနိုင်လို့တောင်ပြောမြောက်ပြောအာရုံပြောင်းလိုက်လာတာကို ဟိုကလန့်ကလားက စကားမပြောရလို့အမိန့်ထုတ်လိုက်သည်မို့ ပျင်းရိစွာနဲ့အိပ်ပျော်သွားခြင်းဖြစ်သည်..။

"မဆင်းသေးဘဲနဲ့ဘာလုပ်နေတာလဲ?ငါထပ်ကန်ချမှဆင်းမှာလား.?.."

"ဆင်းမှာ...ရှင့်မြင်းပေါ်များလိုက်ချင် စီးချင်လွန်းလို့များအောက်မေ့နေလား"

My lovely "Chu" (Complete)Where stories live. Discover now