Part-29

1K 96 2
                                    

👨‍❤️‍💋‍👨ကိုယ့်ရဲ့အနားမှာနေပေးပါ👨‍❤️‍💋‍👨

လေတဖြူးဖြူးတိုက်ခတ်နေပါသည့် မြို့စားစံအိမ်လသာဆောင်တွင် ယောကျာ်းလေးနှစ်ဦးက မတ်တပ်ရပ်ကာ အပြင်လောကရှိညနေဆည်းဆာနေဝင်ချိန်ကို အသံတိတ်ဆိတ်လျက် အတွေးကိုယ်စီဖြင့်ရှု့စားနေကြ၏..။အပေါ်စီးမှနေ၍ ခပ်ပျပျလှမ်းမြင်နေရသည့် ပင်လယ်ကမ်းခြေတွင် တစ်ထောက်ရပ်နားကာ ကုန်ရောင်းကုန်ဝယ်လုပ်နေကြပါသည့် မြို့အနှံ့မှဒေသထွက်ကုန်ပစ္စည်းများတင်ဆောင်လာသည့်ကုန်တင်လှေကြီးများနှင့် ပျားပန်းခတ်မှကူးလူးလှုပ်ရှားနေကြသောလူများ…။

“အဲလ်တန်…ကုန်တင်လှေတွေကဒီကနေပြီးတော့ ဘယ်ကိုဆက်သွားကြသေးတာလဲ…သူတို့ကြည့်ရတာ နေရာစုံကနေကုန်စည်လာရောင်းကြတယ်နော်”

“အင်း…နေရာဒေသစုံပေါ့…ဘယ်ကိုဆက်သွားတာလဲဆိုရင်တော့ ဒါခန်းကကုန်စည်ကိုတင်ပြီး ကိုယ့်မြို့ကိုယ်ပြန်ကျတာလဲရှိတယ်…ဒါမှမဟုတ်လဲ တစ်ခြားမြို့မှာကုန်စည်ထပ်ပြီးသွားရောင်းတာတွေလဲရှိတာပေါ့ အစုံပါပဲ”

“အော်…ဒါဆို ဒီကုန်တင်လှေတွေက ဒေသအစုံသွားကြတာပေါ့…ဒီကုန်သည်တွေက အရမ်းကိုကံကောင်းတာပဲ ကိုယ်သွားချင်တဲ့မြို့တွေကိုအကန့်သတ်မရှိသွားနိုင်ကြတယ်”

“ဘယ်လိုလုပ်ပျော်ဖို့ကောင်းမှာလဲ…သူတို့ရဲ့ဘဝတွေက သက်တမ်းတစ်ဝက်လောက်ကိုလှေတွေပေါ်မှာမြုပ်နှံပြီးသွားလာနေရတာ…ကိုယ်တော့မကြိုက်ဘူး”

“အင်း…ဒါလဲဟုတ်တာပဲ”

အဲလ်တန်ပြောတာလဲမှန်နေသည်မို့ မင်ချူခေါင်းညိတ်ထောက်ခံလိုက်၏..။တစ်ကယ်တော့ဒီလှေတွေအကြောင်းမေးနေတာက ကုန်သည်လှေတွေကနေထွက်ခွာပြီဆို သူလိုက်လို့ရအောင်ပင်…။ကမ်းကပ်ထားသောလှေအုပ်စုက ဘယ်နေ့တွင်ပြန်ထွက်ခွာမည်လဲသူစုံစမ်းရမည်…သူ့အတွက် နောက်ထပ်ခုနှစ်ရက်ပဲအခွင့်အရေးကရှိတော့တာ…။

“အဲလ်တန်…ဟို..”

“ဘာလဲ…ဘာပြောစရာရှိလို့လဲ…ပြောလေ”

သူ့ကိုခေါ်ပြီးမှ လည်ဂုတ်ကိုမသိမသာပွတ်ကာ အနေခက်နေသလိုနဲ့မင်ချူက ခပ်တွန့်တွန့်ဟန်နှင့်….သူ စကားလမ်းကြောင်းပေးရင်း ပြန်ပြောလာမည့်စကားကိုလသာဆောင်ရဲ့တိုင်ကိုမှီရင်းနားစွင့်နေမိသည်..။

My lovely "Chu" (Complete)Where stories live. Discover now