Part-31

968 89 5
                                    

⛵ဒါခန်းမှထွက်ခွာသွားသည့်လိပ်ပြာငယ်⛵

“အကြမ်းရေ…ရော့”

ထမင်းစားသောက်ပြီးနောက် နှစ်ဦးသားလသာဆောင်ရှိရာဆီလျောက်လာရင်း ခုံတစ်လုံးစီနှင့် အနောက်ဂေါ်ရာကျွန်းသို့ တစ်နေ့တာလုံးလောကဓာတ်တစ်ခွင်အား အပူငွေ့ပေးပြီးနောက် အနားယူအိပ်စက်ရန်ပြင်နေသည့် နေမင်းကြီးရဲ့အနားယူချိန်အား စီးမျောခံစားနေကြသည်..။ငြိမ်သက်စွာတစ်စုံတစ်ရာကိုတွေးနေဟန်ရှိသည့် အဲလ်တန်အားအကြမ်းရည်နွေးနွေးလေးတစ်ခွက်ငှဲ့ကာ မင်ချူကမ်းပေးလိုက်၏..။

“မင်ချူ…တစ်ကယ်လို့ ချန်းကောနဲ့ရူလန်ကောမှာ ဘယ်သူကအိမ်ရှေ့စံဖြစ်သင့်ဆုံးလဲ”

“ဘိုင်အဲလ်တန် !”

မေးရာတစ်ခြား ဖြေရာတစ်ခြားထွက်လာသည့် မင်ချူ့အသံကြောင့်အကြမ်းရေကို ငုံ့သောက်နေသည့်အဲလ်တန်က ဖျတ်ခနဲမော့ကြည့်လာသည်..။သူ့နာမည်ကိုရုတ်တရက်ဘာလို့ခေါ်သည်လဲပေါ့ဆိုသည့်အကြည့်နှင့်…။

“အိမ်ရှေ့စံရာထူးက ဘိုင်အဲလ်တန်ဆိုတဲ့ ကိုကိုရသင့်တာ….ကျွန်တော့်အမြင်အရဆို ချန်းကောကအလိုရမ္မက်ကြီးတယ်..သနားညှာတာမှု့ကသူ့ရဲ့ခံစားချက်ပေါ်ပဲမူတည်တယ်….အပျော်အပါးလိုက်စားတယ်….ရူလန်ကောကျတော့ စိတ်ထားကပျော့တယ်…သူ့ရဲ့စိတ်ကကျတော့နူးညံ့တဲ့ဖက်နည်းနည်းရောက်တယ်…စီမံရေးရာပိုင်းမှာသိပ်ပြီးစိတ်ဝင်စားမှု့မရှိဘူး...ကျယ်ပြန့်ရှုပ်ထွေးပြီးအရှိန်အဝါကြီးတဲ့ ဘုရင့်ပုလ္လင်ကိုထားဦး..တစ်ဝက်လောက်ပဲအလုပ်ရှုပ်စီမံရမယ့် အိမ်ရှေ့စံတစ်ပါးရဲ့ ဝတ္တရားတွေကို ရူလန်ကောကလုပ်နိုင်မှာမဟုတ်ဘူး….ချန်းကောကကျတော့ စီမံနိုင်တယ် ဒါပေမယ့်အိမ်ရှေ့စံရာထူးရသွားရင် သူကဒီလောက်နဲ့ရပ်တန့်သွားမယ့်သူမျိုးမဟုတ်ဘူး….ကိုကိုကကျတော့ စိတ်ဓာတ်ကရေပြင်ညီလိုပဲ…စီမံရေး ၊ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း၊လက်အောက်ငယ်သားအပေါ်ငဲ့ညှာတယ် နောက်တစ်ခုက ကိုကိုကမိသားစုသံယောဇဉ်ကြောင့် ကိုကိုသာအိမ်ရှေ့စံရာထူးရခဲ့ရင် ပြဿနာကအရမ်းမကြီးထွားနိုင်ဘူး…အခုကျွန်တော်တွေးသလို ကိုကို့ရဲ့ခမည်းတော်လဲတွေးမိလို့ဖြစ်ရမယ်…ဒါကြောင့် ကိုကိုတို့အားလုံးချန်းကောကို ဦးစားပေးခဲ့ပေမယ့်မင်းကြီးကမရွေးချယ်ခဲ့တာ”

My lovely "Chu" (Complete)Where stories live. Discover now