Final Part - (ဒုတိယပိုင်း)

1.6K 111 17
                                    

ချစ်ရပါသော “ချူ”
ဇာတ်သိမ်းပိုင်း (ခ)

ဆောင်းဦးရာသီရဲ့ ဒုတိယမြောက်လမှာတော့ မွန်ဂိုနန်းတော်တွင်းမှာ ရာထူးပေါင်းစုံအလိုက် ကိုယ်စီကိုယ်ငှတာဝန်တွေနှင့်အလုပ်ရှုပ်နေကျလျက်။ယနေ့က တိုင်းပြည်ရဲ့အရှင်သခင် မွန်ဂိုဘုရင်မင်းမြတ်၏ လက်ထပ်မင်္ဂလာဆင်ယင်ကျင်းပမည့် ရက်ကောင်းရက်မြတ်ပင်။ နန်းတော်တွင်းတစ်ခုလုံး နီစွေးနေပြီး ဆောင်းရာသီမို့ ပန်းပေါင်းစုံတို့ကလဲ မွှေးပျံ့ကြိုင်လှိုင်စွာ ငွားငွားစွင့်စွင့်အပြိုင်ဖူးပွင့်နေကြ၏ ။အရောင်သွေးစုံလှသောပန်းပေါင်းစုံနှင့် ပဏာတင့်လှသောအခမ်းအနားအပြင်အဆင်တို့က စုတ်ချက်ချရေးဆွဲထားသလို ပန်းချီကားတစ်ချပ်ပမာ လှပခမ်းနားထည်ဝါလွန်းလှသည်။

“အရှင့်သား ဝတ်ရုံလဲဖို့အချိန်ကျပါပြီ”

သူ့ရဲ့နံဘေးမှာ ပတ်ပတ်လည်ပြင်ဆင်ပေးနေတဲ့ အထိန်းတော်တစ်သိုက်ကို မင်ချူခေါင်းအသာညိတ်ပြလိုက်သည်။မှန်မှတစ်ဆင့် မြင်တွေ့နေရတဲ့ ကိုယ့်မျက်နှာကိုကြည့်မိတော့ အပြုံးတစ်ပွင့်ကခပ်ရေးရေးပေါ်ထွက်လာ၏။အတွင်းဝတ်ရုံ ငွေရောင်ဖျော့ဖျော့ပေါ် ထပ်ကာလွှမ်းလိုက်သည့် အိစက်နူးညံ့နေတဲ့ ပိုးပျော့အသားက ရွှေရောင်ဇာမဏီငှက်မြူးထူးနေဟန်နှင့် ချုပ်လုပ်ထားသည်က အသက်ဝင်လက်ရာမြောက်လွန်းလှသည်။ အထိန်းတော်မိန်းမပျိုလေး၏ ကျောလယ်ထိရှည်လျားနက်မှောင်စွာ ဖြန့်ကျက်နေသည့် သူ့ရဲ့မဟူရာခပ်ရိပ်ရိပ်သမ်းနေတဲ့ဆံချည်မျှင်တို့ကို ဂရုတစိုက်နှင့် ဖြီးသင်ပေးရင်း သေသပ်စွာထုံးဖွဲ့ပြီး ဆံထုံးပေါ်ထိန်းသည့် ရွှေရောင်အဆင်တန်ဆာနှင့်အပြီးသတ်ပြင်ဆင်ပေးနေသည့် အရာအားလုံးကိုမှန်မှတစ်ဆင့် မင်ချူကြည့်နေမိ၏။ သူနှင့်အဲလ်တန် မတွေ့ရသည်မှာ ဒီနေ့နဲ့ဆို ခုနှစ်ရက်မြောက်နေ့ဖြစ်သည်။

ထုံးတမ်းစဉ်လာအရ မိန်းကလေးဖြစ်စေ အမျိုးသားဖြစ်စေ လက်ထပ်ချိန်မှာခုနှစ်ရက်မတွေ့ရသည့် စည်းမျဉ်းကမည်သူချမှတ်ခဲ့သည်မသိ ။မင်ချူကတော့ ကိုကို့ကိုလွမ်းလှပြီဖြစ်သည်။ ခုနှစ်ရက်ပတ်လုံး အဆောင်တော်သစ်မှာပြောင်းရွှေ့နေရပြီး သူ့ကိုစောင့်ရှောက်နေကျသည်မှာ ဘယ်လိုမှလစ်ထွက်လို့ကိုမရချေ။ ပို၍ဆိုးဝါးသည်က မင်ချူ့ဘိုးဘိုးက မင်္ဂလာပွဲအတွက်ရောက်နေပြီး မင်ချူ့ကိုကြင်ဖက်နှင့်မတွေ့ရအောင် မျက်စိဒေါက်ထောက်လိုက်ကြည့်နေသည်မှာ သူေဋ္ဌးအိမ်တော်က မမလေးပမာ ။ကိုယ့်အဖြစ်ကိုယ်တွေးမိတော့ ရယ်ချင်နေသည့်စိတ်ကနှုတ်ခမ်းတွင်ပုံရိပ်ထင်ဟပ်လာ၏။ တိတ်တဆိတ်သွားတန်းဖြူလေးများပေါ်သည်အထိကြိတ်ရယ်မိတုန်း အပြင်ဖက်မှ အစောင့်ရဲ့စကားသံကိုကြားလိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Jul 07, 2021 ⏰

Add this story to your Library to get notified about new parts!

My lovely "Chu" (Complete)Where stories live. Discover now