Part-22

1K 99 2
                                    

🦋ရောင်စုံလိပ်ပြာငယ်များခြံရံထားသည့်တော်ဝင်သဇင်🤴

ပင်လယ်လေအေးတစ်ချက်က လေရူးပမာဝေ့ဝဲတိုက်ခတ်သွားသောကြောင့် လူအနည်းငယ်ရှင်းသည့် ကုန်လှောင်ရုံအပေါ်ထပ်တွင် အကဲခတ်ကြည့်ရှု့နေသော သူတို့လူစု၏ဝတ်ရုံအနားစများကို တဖြတ်ဖြတ်ခတ်အောင်ကျီစယ်ဆော့မြူသွား၏…။

“အဲလ်တန်…အဲ့ဒီလှေအနားကိုဘယ်လိုကပ်ကြမလဲ….အဓိကဖမ်းချင်တဲ့သူက အဲ့ဒီမှာမလား”

မင်ချူကကမ်းစပ်နှင့်အတော်ကွာဝေးသော ရေပြင်ကျယ်တွင်ရွက်တိုင်ရှစ်ခုထည်ဝါစွာစိုက်ထူရပ်နားထားသော ကြီးမားလှသည့်သစ်သားလှေကြီးရှိရာဆီလက်ညှိုးဖြင့်ညွှန်ပြလာ၏…။

“အင်း..အဓိကခေါင်းဆောင်ကအဲ့ဒီမှာရှိတယ်…ဒါပေမယ့် သာမာန်ကုန်သွယ်တွေကအဲ့ဒီအပေါ်ကို မတက်နိုင်ဘူး….သူစိတ်ဝင်စားအောင်ကြီးမားလှတဲ့ ကုန်သွယ်ရေးတွေတင်ပြကမ်းလှမ်းနိုင်မှ အဲ့ဒီလှေပေါ်တက်နိုင်မှာ…သူ့ကိုဖမ်းဖို့ကလဲ မလွယ်ဘူး..လှေပေါ်မှာ သူ့ရဲ့အစောင့်အရှောက်တွေကအပြည့်ပဲ...ဖောက်ဝင်ဖို့မလွယ်ဘူး…အနားကပ်ချောင်းမြောင်းသွားရအောင်လဲ သူရဲ့လှေကရေလယ်မှာ”

အဲလ်တန်ကအဝေးမှလှေကို အကဲခတ်ကြည့်ရှု့ရင်းတတ်နိုင်သမျှ လှေပေါ်တက်ရောက်ခွင့်ရမည့်အကြံကိုထုတ်နေ၏…လှေပေါ်ရှိဆားမှောင်ခိုများအားအုပ်ချုပ်နေသောလူသည် လွယ်လွယ်တော့သူ၏အနားသို့ တစိမ်းတရံစာများအား အကပ်ခံမည်မဟုတ်…ပုံမှန်တွင်လဲ သူကလက်ထောက်များဖြင့်သာ ကိစ္စအတော်များများကိုဖြေရှင်းခိုင်းနေကျ…လှေပေါ်တက်ကာ ပါလာသမျှစစ်သည်များနှင့်တိုက်ခိုက်ရအောင်လဲ ထိုလှေပေါ်တွင်မည်သို့သောထောင်ချောက်များဆင်ထားသည်မသိရ…။

“ဘယ်လောက်ပဲအပုန်းကောင်းတဲ့သူဖြစ်ဖြစ် သူထွက်လာအောင်လုပ်လို့ရမယ့်နည်းလမ်းတော့ရှိမှာပဲ”

မင်ချူက လှေဖက်လှမ်းကြည့်ရင်းတွေးဆဆပြော၏…။

“အင်း…သူ့ရဲ့ပျော့ကွက်က ဘာမှန်းသိဖို့လိုတယ်လေ..သူကထွက်မလာတော့ဘာမှန်းစုံစမ်းလို့မရတာ”

My lovely "Chu" (Complete)Where stories live. Discover now