Part-17

1K 106 2
                                    

🏇အရှုပ်အထွေးဖြေရှင်းဖို့ခရီးထွက်ခြင်း🏇

“သက်..သက်သာ..လား…ငါက..မင်း…အရမ်းနာနေမှာစိုးလို့.”

…ဦးနှောက်ထက် အပြုအမူကမြန်ဆန်သွားပြီးကာမှ အဲလ်တန်အထစ်ထစ် အငေါ့ငေါ့နဲ့ အပေါက်အလမ်းမတည့်စွာ စကားသံများထွက်လာ၏..။

“ရတယ်..ရတယ်..ရတယ်…ကျေးဇူးပါပဲ..”

…မင်ချူကလဲ အဲလ်တန်ရဲ့အသံကြားမှ တောက်တဲ့ခေါင်းလိုတဆတ်ဆတ်ညိတ်ကာ လက်ရှိနေရခက်မှု့ထဲမှရုန်းထွက်လိုက်၏…။

“တော်သေးတယ်..မင်းအရမ်းနာသွားမလားလို့ ..ငါစိုးရိမ်သွားတာ..တောင်းပန်ပါတယ်..”

“ရပါတယ်..မတော်တဆပဲဟာ…အဲ..ဟုတ်သား..ရှင့်မေးစေ့…ရှင့်မေးစေ့လဲနာသွားမှာကို..ကျမကိုပြကြည့်..”

“မကြည့်နဲ့..ရ..ရပါတယ်ဆို”

…သို့သော်ငြားလဲ ဤပိုးဖလံလိုအတွေးထက် လက်ကမြန်သောသူမကို သူဘယ်လိုလုပ်တားနိုင်ပါမည်နည်း…ဇိုးဆတ်နဲ့ပြန်လှည့်လာကာ သူ့ရဲ့မေးစေ့အား လက်သွယ်သွယ်တို့နဲ့ မထိတထိလာကိုင်ပြန်၏…မျက်ရစ်မှေးမှေးလေးအတွင်းက နက်စိုနေတဲ့မျက်ဝန်းတစ်စုံက  အရည်တလဲ့လဲလက်နေသော ဖန်သားလုံးလေးပမာ…သူမ ရဲ့လက်တွေနဲ့ အနီးကပ်ပင့်ကိုင်ထားခြင်းခံရတဲ့ သူကတော့ တဒိန်းဒိန်းခုန်မြည်နေတဲ့ရင်ဖက်က  စစ်ချီဗုံမောင်းတီးသံလို အတွင်းမှာမြည်ဟီးနေပြီဖြစ်၏..။

“အဟမ်း..ရပြီ..ငါက အဲ့လောက်မနာပါဘူး..သွားကြရအောင်…ငါလုပ်ရမယ့်ကိစ္စတွေရှိသေးတယ်”

“အင်း…ပြီးမှရှင့်ကို ဆေးလူးပေးမယ်…မနာဘူးဆိုပေမယ့် မပေါ့ပါနဲ့….အေးတဲ့အချိန်ကျရင်အရမ်းနာလာတတ်တယ်”

….တစ်စတစ်စ ရင်းနှီးခြင်းတို့ တိုးဝင်လာတဲ့ သူတို့နှစ်ဦးက အရင်လိုမစိမ်းသက်ကြတော့တာတော့အမှန်…သူမရဲ့ ဂရုတစိုက်စကားလေးတစ်ခွန်းနဲ့တင် ကျေနပ်ပီတိဖြစ်သွားသလိုမျိုးသူခံစားမိရ၏…အရာရာကို သံယောဇဉ်နှင့်လိုချင်တောင့်တမှု့  မရှိသောသူ့အတွက် သူမ ကတစ်ဖြည်းဖြည်းသူ့ဆီရစ်ပတ်တိုးဝင်လာသော ပိုးချည်မျှင်တစ်စလို…။

My lovely "Chu" (Complete)Where stories live. Discover now