Part-20

1K 112 2
                                    

🎁အမှတ်တရလက်ဆောင်ဆင်မြန်းပေးခြင်း🎁

“ဖွီးးး”

“အာ..ဘာဖြစ်သွားတာလဲ”

နှုတ်ခမ်းများထိလုထိခင်မှာ သူမ ဆီကဖွီးကနဲအသံကြောင့် အဲလ်တန် အိုးတိုးအမ်းတမ်းဖြစ်ကာ ကိုယ်ခန္ဓာအားပြန်မတ်လိုက်သည်…။ တော်သေး၏ စိတ်ထင်တိုင်းလုပ်မိတော့မိလို့..။

“ခြင်..ခြင်ဝင်သွားတာ…အဟွတ်…အဟွတ်..အဟွတ်”

တစ်ကယ်လဲ မင်ချူ့ပါးစပ်ထဲ ခြင်ဝင်သွားခြင်း…သူ့မျက်နှာပေါ် ငုံ့ကိုင်းလာတဲ့အဲလ်တန်မျက်နှာကို ကြောင်တောင်တောင်ကြည့်နေရင်း ပါးစပ်ဟသွားတာမို့ ဘယ်ကရောက်လာမှန်းမသိသောခြင်က မင်ချူ့ပါးစပ်ထဲ အတားအဆီးမရှိဝင်သွားခြင်း…။

“ခြင်! !…အထီးလား..အမလား”

အဲလ်တန်က လက်ပိုက်ရင်းပြုံးစိစိဖြင့်ပြန်မေး၏..။

“ဂန်ဒူးး”

“ဟားးး…ဟားးး”

“ရှင် အဲ့လိုကြားချင်တာမလား…ဟွန်း”

“မင်းကိုစတာပါကွာ..လာ..ငါတို့မီးပုံးသွားလွှတ်ရအောင်”

သူမရဲ့ လက်ကိုအသာပြန်ဆွဲကာ ရပ်နေရာမှထွက်လာခဲ့သည်…။အတော်အတန်သင့် လျောက်လှမ်းပြီးနောက်မှာ မီးပုံးလှလှလေးများချိတ်ဆွဲရောင်းချနေသော ဈေးဆိုင်လေးသို့ရောက်လာခဲ့၏…။

“မီးပုံးလေးတွေ…ဆုတောင်းပြည့်မီးပုံးလေးတွေ”

အရောင်သွေးစုံလင်လှသော မှိုင်းခံစက္ကူရောင်စုံလေးများဖြင့် ပြုလုပ်ထားသော မီးပုံးလေးများက အရွယ်အစားစုံလင်လှစွာ….။ မင်ချူက ထောင့်ငါးထောင့်ပါသော ရိုးရိုးရှင်းရှင်း တစ်လုံးတည်းသာကျန်သော မီးပုံးလေးကိုလက်လှမ်းကာ ယူလိုက်သည်…။

“ဒါလေးဘယ်လောက်လဲ ဆိုင်ရှင်”

“အိုး…သခင်လေးကရွေးတတ်လိုက်တာ…အဲ့တာ စုံတွဲတွေလွှတ်ကြတဲ့ ကြယ်မီးပုံးလေ…ချစ်သူမိန်းကလေးနဲ့တူတူလွှတ်…ဆုတောင်းပြည့်တယ်..ဒါလေးကတစ်လုံးပဲကျန်တော့တာ”

My lovely "Chu" (Complete)Where stories live. Discover now