Break Up

26.8K 1.1K 33
                                    

တစ်စုံတစ်ယောက်နဲ့ မင်း လမ်းခွဲလိုက်တဲ့အချိန် မင်း ဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိနေတယ်ဆိုရင် ဒါဟာ ကမ္ဘာပေါ်မှာ စိတ်ပျက်စရာ အကောင်းဆုံး အခြေအနေတစ်ခုပဲ။

ပေါ်ရွှီ ဆေးလိပ်ကို တစ်ဖွာလောက် ရှိုက်လိုက်ပြီး အငွေ့များကို တစ်ဖြည်းဖြည်း မှုတ်ထုတ်ရင်း ကုတင်ပေါ်မှာ အိပ်နေတဲ့ ကောင်ငယ်လေးကို စိုက်ကြည့်နေမိ၏။

နှစ်နှစ်ကြာပြီး နောက်ဆုံးမှာတော့ သူ ပြန်လာခဲ့ပြီ။

ကလေးတစ်ယောက် မွေးရမယ်လို့ ဟိုးအရင်ချိန်တွေတုန်းက သူ ဘယ်လိုလို့် စဥ်းစားမိမှာလဲ?

Fuck!

ရည်းစားဟောင်းက ကြီးမားလွန်းတဲ့ 'စပရိုက်'တစ်ခု သူ့ကို ပေးခဲ့မယ်လို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ဘူး။

သူ့ ဗိုက်ထဲမှာ ကလေးရှိတယ်လို့ သိတဲ့နောက် မှာတော့ ပေါ်ရွှီမှာ ရွေးချယ်စရာမရှိပဲ သူ ဆယ်စုနှစ်တစ်စုလောက် နေခဲ့တဲ့ ဟွာမြို့တော်ကနေ အမြန် ထွက်သွားရတော့တယ်။

ဆယ်မိနစ်လောက် အကြာမှာပဲ အိပ်ရာပေါ်က အကောင်ငယ်လေး နိုးလာပြီး မျက်ရည်တွေ ပြည့်နေသော မျက်လုံးလေးတွေနဲ့ ပြောရှာတယ်
"ပါးပါး၊ သား ပါးပါးနဲ့တူတူ ဒန်ဒန်ကို ဂရုစိုက်ချင်တယ်"

ငါးမီတာလောက် ကွာဝေးတဲ့ ခုံမှာ ထိုင်နေတဲ့ ပေါ်ရွှီက အကြင်နာမဲ့စွာ ပြောလိုက်တယ်
"ငါ ကျောင်းသွားရမယ်၊ မင်းလည်း ကျောင်းသွားရမယ်၊ငါတို့အရင်က သဘောတူထားတဲ့အတိုင်း ဒါလေးက အိမ်မှာနေရမယ်လေ"

အကောင်ငယ်လေးက ယုံကြည်မှုရှိစွာ ပြန်ပြောတယ် "Sorry,သား ဒါကို နောင်တရတယ်"

အကောင်ငယ်လေးရဲ့ နှာဖူးက ပေါ်ရွှီနဲ့ တူသော်ငြားလည်း သူရဲ့ စိတ်တိုစရာကောင်းတဲ့ စရိုက်ကတော့ ပေါ်ရွှီရဲ့ ကောက်ကျစ်လှတဲ့ ရည်းစားဟောင်းနဲ့ တစ်ပုံစံတည်းပင်။သူ့ရဲ့ အတွေးထဲမှာ နစ်မျောရင်း ပေါ်ရွှီရဲ့ မျက်လုံးတွေက ပိုပြီး လေးနက်လာတော့၏။

ဒီကောင်လေးကို မွေးပေးတဲ့လူက သူသာ မဟုတ်ဘူးဆိုရင် အိမ်သာထဲမှာပဲ ညှစ်ထုတ် မွေးပြီး ထွက်လာတာနဲ့ သူ စွန့်ပစ်လိုက်သင့်တယ်လေ!

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now