Variety Show

2.9K 438 23
                                    

(Unicode)

ကုမ္ပဏီက ပေါ်ယွီကို ပေးထားတဲ့ လက်ထောက်ရှောင်ကျန်းက ပေါ်ယွီအတွက် အလိုက်တသိ တံခါးဖွင့်ပေးကာ နှုတ်ဆက်လာတယ်
"ဟယ်လို ပေါ်ကော"

ယာဥ်မောင်း ရှောင်လီက ေပါ်ယွီ ကားထဲ ဝင်လာတာကို မြင်တာနဲ့ လီဗာကိုနင်းကာ ဖြည်းဖြည်းချင်း မောင်းထွက်လာတော့သည်။

ကုမ္ပဏီက သူ့အတွက် အမျိုးသားလက်ထောက် နှစ်ယောက် စီစဥ်ပေးတာကြောင့် ပေါ်ယွီက အလွန်ကို ကျေနပ်နေတော့၏။သူက ယောကျာ်းတစ်ယောက်ဖြစ်ပြီး ယောကျာ်းတွေကို ကြိုက်နှစ်သက်သည်။သူ့အနားက လူမှန်သမျှက ခန့်ညားတဲ့ယောကျာ်းတိုင်းသာဆိုရင် အလုပ်အတွက် စိတ်အားထက်သန်မှုမှာ တိုးတက်လာရုံသာမက အမြဲလိုလို စိတ်ခံစားချက် ကောင်းမွန်နေပေလိမ့်မည်။

အထူးသဖြင့် ရှောင်ကျန်းနဲ့ ရှောင်လီတို့ဟာ ကျွမ်းကျင်ကြရုံသာမက အလွန်လည်း တိတ်ဆိတ်ကြသည်။ပေါ်ယွီရဲ့ အားလပ်ချိန်ကို နှောင့်ယှက်ဖို့ မလိုအပ်ပဲနဲ့ ဘယ်တော့မှ သူတို့က ပါးစပ်ဖွင့်လာမှ မဟုတ်ကြပေ။

"မနက်ဖြန်အတွက် အချိန်ဇယားက ဘယ်လိုတုန်း?"
ပေါ်ယွီက ခုံပေါ်မှာ ကျောမှီကာ ထိုင်နေပြီး အပန်းဖြေရန် သူ့မျက်လုံးတွေကို မှိတ်ထားသေး၏။

ရှောင်ကျန်းက အချိန်စာရင်းကို ဖွင့်ကာ အမြန်ဆုံး ပြန်ဖြေလာတယ်
"Breakup challenge  အစီအစဥ်ရဲ့ နောက်အပိုင်းအတွက် ရိုက်ကူးရမှာ သုံးနာရီလောက်ကြာမယ်။ဇာတ်ညွှန်းကို အသားကျဖို့ အစီအစဥ်မှုးနဲ့အတူ ကျွန်တော်တို့ နေ့လည်လောက်တည်းက ဇာတ်တိုက်ဖို့လိုတယ်"

Breakup challengeက တရုတ်မှာတော့ နာမည်ကြီး ရသစုံအစီအစဥ်တစ်ခုဖြစ်သည်။အဲ့ဒီရှိုးမှာ အစီအစဥ်မှု သုံးယောက်ရှိ၏။ပရိုဂရမ်တစ်ခုချင်းစီတိုင်းမှာ ကျော်ကြားတဲ့အနုပညာရှင်တွေနဲ့ ကြယ်ပွင့်တွေကို ဂိမ်းကစားကြဖို့နှင့် ကြယ်ပွင့်တွေရဲ့ လက်တလောလုပ်နေတဲ့အလုပ်တွေကို ကြေညာပေးဖို့ပါ ဖိတ်ကြားလေသည်။

ပေါ်ယွီ ရဲရဲနီနေတဲ့ သူ့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်သည်။ဒီနေ့ သူက အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ သမိုင်းတစ်ခုကို အခြေခံထားတဲ့ ရှေးဟောင်းတီဗီဇာတ်လမ်းမှာ အမျိုးသားအဓိကဇာတ်လိုက်နေရာအတွက် အစမ်းသရုပ်ဆောင်ပြရသည်။အမျိုးသားအဓိကဇာတ်လိုက်က သိမ်းပိုက်ခံထားရတဲ့နိုင်ငံတစ်နိုင်ငံမှ အလွန်လွန့်တော်ပြီး တိုးတက်ကြီးပွားလိုစိတ် ပြင်းပြတဲ့ မင်းသားတစ်ပါးဖြစ်လေသည်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now