Softhearted

3.8K 606 14
                                    

(T/N: ဒီအပိုင်းပြန်နေရင်း ကိုယ် ဘယ်လောက် လက်တုန်နေတယ်ဆိုတာ မင်းတို့ယုံမယ်မထင်ဘူး ဖတ်ကြည့်ကြပါဦး)

ယောကျာ်းလေး အဓိကဇာတ်လိုက်နဲ့ ယောကျာ်းလေးဇာတ်ပို့က နာမည်ကြီးလာရုံတင်မက သူတို့ သရုပ်ဆောင်ချိန်မှာလည်း သူတို့ကြားက အဆက်အသွယ်တစ်ခုက ကြီးထွားလာဆဲပင်။ဒါကြောင့် ဒါရိုက်တာဟုန်က စာရေးဆရာနှင့်အတူ ကြိုပြီး ဇာတ်ညွှန်းကို ပြောင်းလဲရေးသားလိုက်တော့တယ်။အရင်က မိန်းကလေးဇာတ်ဆောင်နဲ့ သက်ဆိုင်တဲ့ အခန်းအများအပြားအား ယောကျာ်းလေးဇာတ်ပို့ကို သူတို့ ပေးလိုက်၏။

ရလဒ်အနေနဲ့ကတော့ မိန်းကလေးဇာတ်ဆောင်မှာ ပရိတ်သတ်တွေရဲ့ မရှိရင်လည်း ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လွယ်လွယ်ကူကူ လျစ်လျူရှူခံလိုက်ရတော့သည်။

အောက်တိုဘာလ 12ရက် ည ခုနစ်နာရီဆယ်မိနစ်မှာ ပရိတ်သတ်အသေးအစားလေးက 'ငယ်ရွယ်တဲ့ဗို်လ်ချုပ်လေး' ရဲ့ ပထမဆုံး အပိုင်းကို တင်လိုက်သည်။တစ်ချိန်တည်းမှာပဲ ပါဝင်တဲ့ သရုပ်ဆောင်ကိုသာ အာရုံစိုက်တဲ့ ပရိတ်သတ်အများအပြားရဲ့ ထင်မြင်ချက် ဝေဖန်ချက်တွေ တက်လာလေပြီး website တစ်ခုလုံး ပြည့်နေပြန်၏။

[ဘုရားရေ! ပေါ်ရွှီ အဖြူရောင် ဘွဲ့ဝတ်ရုံဝတ်ထားတာ ချောလွန်းအားကြီးတယ်။ငယ်ရွယ်တဲ့ ဗိုလ်ချုပ်လေးက tsundereလိုပဲ ငါကိုယ့်ငါ မထိန်းချုပ်နိုင်တော့ဘူး။]
(T/N: tsundereကို အောက်ဆုံးမှာ ပုံလေးထည့်ပေးထားပါတယ်)

[နောက်အပိုင်းမှာလည်း မိုမိုကို ငါစောင့်နေမယ်။သူ့အတွက် တွဲဖက်တစ်ယောက်ကို ဒါရိုက်တာ မစီစဥ်ပေးဖို့ ငါ မျှော်လင့်တယ် မဟုတ်ရင် ဒါရိုက်တာဆီကို ငါ ဓားသွားတွေ ပို့ရလိမ့်မယ် T-T]

[ဘာကြောင့် ပေါ်ရွှီနဲ့ မိုအန်းရုက ဒီလို web series မှာ သရုပ်ဆောင်ဖို့ ရွေးချယ်လိုက်တာလဲ?ငါထင်တာတော့ အမျိုးသားဇာတ်လိုက်ရဲ့ အဝတ်ကလွဲရင် တစ်ခြားသူတွေရဲ့ အဝတ်တွေက လက်ကားဝယ်ထားတဲ့ အဝတ်တွေလိုပဲ။ဒါက ဆင်းရဲတယ်ဆိုရင်တောင်မှ ရိုက်ကူးရေးအဖွဲ့က ပိုက်ဆံကို သိမ်းထားလို့မရဘူးလေ!]

[ငါထောက်ခံတယ်။ ပေါ်ရွှီ အဝတ်ကလွဲရင် တစ်ခြားသူတွေရဲ့ အဝတ်တွေက ရုပ်ဆိုးတယ်။ဒါက ဘတ်ဂျက်နည်းတဲ့ ဇာတ်လမ်းတွဲပေမယ့် အဝတ်တွေက ကြည့်ရတာ ဆိုးဝါးလွန်းတယ်။ငါ အရမ်း စိတ်ပျက်တာပဲ။]

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now