Rejected

3.8K 610 5
                                    

ကျွမ်းကျင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ကို အပင်ပန်းခံနေတဲ့ ပေါ်ရွှီက အလေးချိန်ကျပြီး ကျန်းမာရေးကောင်းမွန်ဖို့ ထိန်းသိမ်းတဲ့အနေနဲ့လည်း ကျင့်သားရအောင် ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ စားသောက်၏။သူ့ကြောင့်မို့လို့ ဖရဲသီးလေးမှာလည်း နို့ဖြတ်ပြီး အစားစကျွေးကတည်းက ဒီအကျင့်ပါရလာလေသည်။

ဖရဲသီးလေးက စားသောက်လို့ ပြီးသွားပြီ။နာရီဝက်ကျော်ကျော်အကြာမှာတော့ ဖန်ခွက်ကို ယူကာ ရေသောက်လိုက်ပြီး သူ့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မျက်လုံးလေးတွေက သိလိုစိတ်ပြင်းပြစွာဖြင့် မျက်တောင်ခပ်နေတော့သည်။

စုန့်ရှီလင်ကလည်း အချိန်တိုင်းလိုလို အလုပ်ရှုပ်နေရတဲ့အတွက် သူလည်း မြန်မြန်ပဲ စားလိုက်တော့၏။သူ ပန်းကန်နဲ့တူကို ချလိုက်ပြီး တစ်ရှူးယူကာ ပါးစပ်သုတ်ရင်း ပြောလိုက်တယ်
"ပေါ်ရွှီကို ရှာဖို့ မင်းကို ခေါ်သွားပေးမယ်"

ဖရဲသီးလေးက လိမ္မာစွာပဲ လက်ကိုဆန့်ထုတ်လာပြီးနောက် စုန့်ရှီလင်ရဲ့ လည်ပင်းကို ပွေ့ဖက်ကာ ပြောလာတယ်
"ဒါပေမယ့် ပါးပါးက အခု အလုပ်မှာလေ"

"ကိစ္စမရှိဘူး။သူ ဒါကို စိတ်ထဲထားမှာ မဟုတ်ဘူး"
စုန့်ရှီလင် ကိုယ်ပိုင်အခန်းကနေ ထွက်လာခဲ့သည်။

စုန့်ရှှီလင် တစ်စုံတစ်ခုသော ကိစ္စကို ပြုမူလုပ်ဆောင်ရာမှာ တစ်ကိုယ်ကောင်းဆန်စိတ်လေးကရှိ၏ ဒါကြောင့် သူ ပေါ်ရွှီကို လာဖို့ မခေါ်တော့ပေမယ့် သူ့ကို ရှာဖို့ ရိုက်ကူးရေးကိုသာ တန်းမောင်းခိုင်းလိုက်တော့သည်။

ဖုန်းစခရင်ပေါ်က ရင်းနှီးတဲ့ နံပါတ်ကို ကြည့်ရင်း 'Answer'  နေရာကို မနှိပ်လိုက်ခင် တစ်ခဏလောက် သူ တုံ့ဆိုင်းသွားသည်။

စုန့်ရှှီလင်ရဲ့ နက်ရှိုင်းပြီး ဆွဲဆောင်မှု ရှိတဲ့အသံက ထွက်လာ၏။သူက အလေးအနက် ပြောလာတယ်
"အလုပ်များလား?"

"အဆင်ပြေပါတယ်"
ပေါ်ရွှီ ဖုန်းကို ကာလိုက်ပြီး နောက်တစ်ခန်းကို ရှင်းပြနေတဲ့ ဒါရိုက်တာဟုန်ကို ပြုံးပြကာ ထောင့်သို့ လျှောက်သွားလိုက်သည်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now