Anger

4.2K 546 20
                                    


(Unicode)

ပေါ်ရွှီ တံခါးပေါက်ကနေ အိပ်ခန်းဆီသို့ ထော့နဲ့ထော့နဲ့ လျှောက်သွားလိုက်သော်လည်း သူ ဖရဲသီးလေးကို ရှာမတွေ့လေပဲ တစ်အိမ်လုံးကလည်း အသံတစ်သံတောင် မကြားရအောင်ကို တိတ်ဆိတ်လွန်းလှသည်။ချက်ချင်းပဲ သူ စိုးရိမ်စိတ်က မြင့်တက်လာ၏။

"ဖရဲသီးလေး? ပေါ်ရန်ထင်း? ပေါ်ရန်ထင်း?

ပေါ်ရွှီ အလွန်ကို စိုးရိမ်နေလေ၍ ချွေးတွေပါထွက်လာတော့တယ်။

အဲ့ဒီအချိန်မှာပဲ ဖရဲသီးလေးရဲ့အသံက ပေါ်ရွှီရဲ့အိပ်ခန်းထဲကနေ ထွက်လာ၏။အကောင်ငယ်လေးက ငိုထားတဲ့အတွက်ကြောင့် အသံကတော့ အက်နေလေသည်။

အသံလေးကြားလိုက်တာနဲ့ ပေါ်ရွှီရဲ့နှလုံးသားဟာ တင်းကျပ်သွားလေတယ်။သူ အိပ်ခန်းတံခါးကို မြန်မြန်ဖွင့်ကာ အသံထွက်လာရာ အဝတ်ဗီရိုကြီးဆီသွားလိုက်ပြီး ဗီရိုတံခါးကို ဖွင့်လိုက်တော့သည်။

ဖရဲသီးလေးဟာ ဒန်ဒန်နဲ့အတူ ဗီရိုထဲမှာ ကုပ်ကုပ်လေးထိုင်နေပြီး ရှိုက်​ေနလေကာ တစ်ကိုယ်လုံးလည်း တုန်ရီနေလေ၏။နှာဖူးပေါ်မှာစုချည်ထားတဲ့ ဆံပင်လေးကလည်း အကောင်ငယ်လေး လှုပ်ယမ်းလိုက်တိုင်း လှုပ်ယမ်းနေသည်မှာ သနားစရာလည်းကောင်းသလို ချစ်ဖို့လည်းကောင်းနေသည်။

ပေါ်ရွှီမှာ သနားသွားသလို ရယ်ချင်နေမိ၏။ဒန်ဒန်ကို ကောက် မလိုက်ရာ ဒန်ဒန်လေးက လှမ်းနမ်းလာလေသည်။ပေါ်ရွှီ လျစ်လျူရှူကာ ဘေးကြမ်းပြင်ကို ပြန်ချပေးလိုက်ပြီး ဖရဲသီးလေးကို ကောက်ချီလိုက်တော့သည်။

ဖရဲသီးလေးက ပေါ်ရွှီခေါင်းကို တင်းတင်းကြပ်ကြပ်ဖက်တွယ်လာလေတယ်။
"ပါးပါး ဘယ်သွားခဲ့တာလဲ?ဘယ်သွားခဲ့တာလဲလို့?"

အချိန်အကြာကြီး ပြင်းပြင်းထန်ထန် ငိုနေခဲ့တဲ့ အကောင်ငယ်လေးဟာ အခုချိန်မှာတော့ စကားတစ်ခွန်းပြည့်အောင်တောင် မပြောနိုင်တော့ချေ။

မျက်ရည်တွေ နှာရည်တွေ ရောနေတဲ့ အကောင်ငယ်လေးမျက်နှာကို ပေါ်ရွှီ နမ်းလိုက် မိတော့သည်။သူ တောင့်ခံနိုင်အောင် ကြိုးစားသော်လည်း နောက်ဆုံးမှာတော့ အချည်းနှီးပင်။ပေါ်ရွှီ ရေချိုးခန်းသို့သွားကာ ဖရဲသီးလေးရဲ့မျက်နှာကို သဘက်အစိုဖြင့် သုတ်ပေးလိုက်သည်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now