Utilization

3K 443 25
                                    

(Unicode)

လူတွေအာရုံစိုက် မှုနည်းပါးလောက်တဲ့ သာမန် မီးခိုးရောင် အဝတ်အစားတွေကိုသာ စုန့်ရှီလင်ကဝတ်ဆင်ထား၏။

ဖရဲသီးလေးက ခုန်လိုက်ကာ စုန့်ရှီလင်ရဲ့ပေါင်ကို ဖက်လိုက်ပြီး
"အန်ကယ်စုန့် ဦးကရော ဒီမှာနေတာပဲလား?"

ပေါ်ယွီ စိတ်အိုက်သွား၏။သူက သူ့ရဲ့ အိမ်နီးချင်းအသစ်ကို တွေ့ချင်ရုံလေးတင်။မည်သို့ပင်ဆိုသော်ငြား သူ့ရဲ့ ရည်းစားဟောင်းနဲ့ ပြန်တွေ့ရမယ်လို့ သူ ဘယ်တော့မှကို မတွေးမိခဲ့ပေ။

စုန့်ရှီလင်က ပေါ်ယွီနဲ့ ဖရဲသီးလေးကို ကြည့်လာပြီးနောက် ဘေးဘက်ကို နည်းနည်းရွှေ့ပေးကာ
"ဝင်လေ လာထိုင်ကြဦး"

လမ်းခွဲပြီးနောက် မှ သူတို့ကြားမှ တစ်ညတာဆိုတဲ့ ကိစ္စက ရှိသေးသည်။ဒါကြောင့် သူတို့ ပြန်ဆုံတွေ့ပြန်တော့လည်း ဘာမှကို ထွေထွေထူးထူးမဖြစ်တော့ပေ။

ပေါ်ယွီ ခေါင်းငြိမ့်ပြကာ ဝင်လာလိုက်ပြီး ရိုးရှင်းစွာအလှဆင်ထားတဲ့အိမ်ကို ကြည့်လိုက်ရင်း မေးလိုက်တယ်
"မင်း ဘာကြောင့် ပြောင်းလာတာလဲ?"

"ငါ့ အရင်တိုက်ခန်းက ပေါက်ကြားသွားတယ်လေ ဒါကြောင့် ငါ အသစ်တစ်ခု ဝယ်လိုက်တာ"
သူတို့အတွက် ရေနွေးနွေးလေးတစ်ခွက် ခပ်ပေးလိုက်ပြီး စုန့်ရှီလင် ဘာမှမပြောတော့ပဲ ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။

ခဏတာ လေထုက ကသိကအောက်ဖြစ်သွား၏။

"အန်ကယ်စုန့် သားကို မှတ်မိလားဟင်"
ဖရဲသီးလေးက စုန့်ရှီလင်ကို တော်တော်သဘောကျလေသည်။ဖရဲသီးလေးက အနားကိုလာလေပြီး စုန့်ရှီလင်ရဲ့ဒူးပေါ် မေးလေးတင်လာရင်း သူ့ရဲ့နှစ်လိုဖွယ်ကောင်းတဲ့ မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြလာလေ၏။

စုန့်ရှီလင် ဖရဲသီးလေးရဲ့ ဆံပင်လေးကို လှမ်းထိရင်း ပြောလိုက်တယ်
"ဒါပေါ့ကွ"

ဖရဲသီးလေးကို ပြန်ဖြေပြီး ပေါ်ယွီကို စုန့်ရှီလင် လှည့်ကြည့်ကာ ပြောလိုက်တယ်
"မင်း ဒီမှာနေတယ်ဆိုတာ ငါမသိခဲ့ဘူး"

ကျန်ခဲ့တဲ့နှစ်နှစ်အတောအတွင်းမှာပဲ စုန့်ရှီလင်ရဲ့အခြေအနေက တော်တော်တိုးတက်လာတာ ဖြစ်မည့်ပုံပင်။ဘာကြောင့်ဆိုသော် အတိတ်မှာတော့ သူဟာ တစ်ဖက်လူကို ရှင်းပြဖို့ရန် စက်ဆုပ်သလိုမျိုး အလွန်ကို အာဏာရှင်ဆန်ကာ နိုင်လိုမင်းထက်ပြုတတ်သည်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now