Medicine

4.6K 580 13
                                    

သူ ရိုက်ကူးရမယ့် အပိုင်းတွေ ရိုက်ကူးပြီးတာနဲ့ ပေါ်ရွှီ အဖွဲ့သားတွေကို နှုတ်ဆက်စကားဆိုပြီး ထွက်လာလိုက်သည်။

ကလေးတွေရဲ့ အချိန်ဇယားက လူကြီးတွေနဲ့ ကွာခြား၏ ဒါကြောင့် ထမင်းစားသောက်ပြီး မကြာခင်မှာပဲ ဖရဲသီးလေးကို ပေါ်ရွှီ အိပ်ရာထဲဝင်သိပ်လိုက်သည်။

ဖရဲသီးလေး အိပ်ပျော်သွားမှ ပေါ်ရွှီလည်း ဖြည်းဖြည်းနဲ့တိတ်တဆိတ် ထွက်လာလိုက်၏။

မစ္စတာကျန်းက အခြားလုပ်စရာ တစ်ခုခုရှိ၍ ပေါ်ရွှီနဲ့ မသွားနို်င်ပေ။ပေါ်ရွှီကို အခန်းနံပါတ် ပြောပြီးတာနဲ့ ထွက်သွားလေတယ်။

အရင်တုန်းက လူမှုရေးလှုပ်ရှားမှုတွေမှာ ပေါ်ရွှီကို မကြာခဏ ငှားရမ်းလေ့ရှိခဲ့သည်။သူက ဒီလို အကြောင်းအရာတွေနဲ့ ရင်းနှီး၍ တစ်ယောက်တည်းပဲ သွားလိုက်တော့သည်။

ပေါ်ရွှီ ကိုယ်ပိုင်အခန်းကို ရောက်တဲ့အချိန်မှာ အခန်းထဲက လူတွေက စိတ်အားထက်သန်မှုအပြည့်နဲ့ စကားပြောနေကြ၏။ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ထိုနေရာမှာ အောင်မြင်တဲ့ idol တစ်ချို့နဲ့ မရင်းနှီးတဲ့ မော်ဒယ်တွေကို တွေ့လိုက်ရပြီး ထို့ပြင် လေထုကို မြူးကြွအောင် လုပ်နေသည့် ကျော်ကြားတဲ့ ဒါရိုက်တာ အနည်းငယ်နဲ့ ထုတ်လုပ်သူတွေလည်း ရှိကြလေသည်။

မတော်တဆလိုလိုနဲ့ မနာလိုရန်စခြင်းတွေကို
ရှောင်ရန်အလို့ငှာ ပေါ်ရွှီ သူ့ကိုယ်သူ ရိုးရှင်းစွာပဲ နှုတ်ဆက်လိုက်ပြီး ထိုင်ချလိုက်သည်။တည်ငြိမ်တဲ့ မျက်နှာအမူအရာနဲ့ စားသောက်နေရင်း သူတို့ ပြောဆိုနေတဲ့ စကားတွေကို ဂရုတစိုက် နားထောင်နေလိုက်သည်။

နာမည်သိပ်မကြီးတဲ့ မော်ဒယ်ကောင်ငယ်လေးက ပေါ်ရွှီကို ဖျက်ခနဲကြည့်ကာ တမင်ရည်ရွယ်၍ ပေါ်ရွှီအား စကားပြောလာ၏။

"ပေါ်ကော 'ငယ်ရွယ်တဲ့ဗိုလ်ချုပ်လေး'က အခု နာမည်တော်တော်ကြီးနေပြီ။အစ်ကို ဇာတ်ညွှန်းရွေး ဒီလောက်တော်မှန်း ကျွန်တော်တို့ မသိခဲ့ဘူး Tut-tut"

ပေါ်ရွှီကို အထင်မြင်သေးစွာ ပြောလာတဲ့ မော်ဒယ်ရဲ့ စကားလုံးတွေက ပစ္စတိုသေနတ်နဲ့ ပစ်လိုက်သလိုမျိုး ဖြစ်နေ၏။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now