Encounter

4.2K 622 20
                                    

ဒါရိုက်တာဟုန်နဲ့ ပေါ်ရွှီ တစ်နာရီကနေ လေးနာရီလောက်ထိ စကားပြောခဲ့ကြပြီးနောက် စိတ်မပါစွာပဲ နှုတ်ဆက်စကား ပြောလိုက်ကြသည်။

ပေါ်ရွှီ ခဏလောက်စောင့်ကာ ဒါရိုက်တာဟုန် ထွက်သွားတာကို မြင်ကာမှ နေကာမျက် မှန်ကို ကောက်တပ်လိုက်ပြီး ထွက်လာလိုက်သည်။

ပေါ်ရွှီ ကော်ဖီဆိုင်၏ တံခါးရှေ့မှာ ရပ်နေမိသည်။သူ့မျက်လုံးတွေက မျက်နှာချင်းဆိုင်လမ်းဘက် မှာ လှည့်လည်နေပြီး သူ့ခြေထောက်တွေက မြေကြီးကို ထိုးဆွချင်ပုံရနေကာ ခြေလှမ်းတစ်လှမ်း လှမ်းဖို့တောင် ခက်ခဲနေ၏။

ပေါ်ရွှီရဲ့ နေကာမျက် မှန်ကြောင့် သူ တစ်ဖက်လမ်းက လူနှစ်ယောက်ကို စိုက်ကြည့်နေတာ ဘယ်သူမှ မသိသလို ရှာလည်းမတွေ့နိုင်ဘူး။

စုန့်ရှီလင်နဲ့ချီယန်ပင်။

မျက် မှောင်ကြုံ့သွားတဲ့ စုန့်ရှီလင်က တစ်ခုခုကို သတိထားမိသွားပုံပေါ်၏။တောက်လောင်နေတဲ့အကြည့် မင်သက်နေတဲ့ မျက်နှာအမူအရာနဲ့ သူက နောက်ကိုကြည့်လာသော်လည်း သူ့ အကြည့်တွေကတော့ အေးစက်နေဆဲပင်။

အိတ်ကပ်ထဲထည့်ထားတဲ့ ပေါ်ရွှီရဲ့လက်တွေက ကျစ်ကျစ်ပါအောင် ဆုပ်မိသွားပြီး သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို နေကာမျက် မှန်က ဖုံးပေးထားသည်။

ဒီနေရာမှာ ပေါ်ရွှီကို တွေ့ရလိမ့််မယ်လို့ စုန့်ရှီလင် လုံးဝမတွေးထားမိပေ။သူ ခဏလောက် တုံ့ဆိုင်းသွားပြီး မသိစိတ်က အလိုလိုကို ပေါ်ရွှီဆီသို့ ဦးတည်လျှောက်သွားမိတော့သည်။

ကောင်းတဲ့ မြင်ကွင်းတစ်ခုနဲ့အတူ စုန့်ရှီလင်ရဲ့ လှုပ်ရှားလာမှုကို ပေါ်ရွှီ မြင်လိုက်တာနဲ့ ဘေးဘက်ကို လှည့်လိုက်ပြီး နှုတ်ခမ်းဖိကိုက်လျက် အလျင်အမြန် လျှောက်လိုက်တော့သည်။

ချီယန်ကလည်း စုန့်ရှီလင် ငေးကြည့်နေရာကို လိုက်ကြည့်လာပြီး ရှောင်ပြေးသွားတဲ့ ပေါ်ရွှီရဲ့ ပုံရိပ်ကို မြင်လိုက်တာနဲ့ အသက်ရှူသံပြင်းထန်လာကာ စုန့်ရှီလင်ရဲ့ လက်ကို အနည်းငယ် အားထည့်ဆွဲလိုက်ပြီး
"မင်း ဘာကို ကြည့်နေတာလဲ?"

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now