Dirty

4.2K 491 25
                                    

(Unicode)

အထက်အရာရှိရုံးခန်းတွင်

ကုလားထိုင်မှာထိုင်နေတဲ့ မစ္စတာကျန်းက သူ့အထက်လူကြီး မစ္စတာလျို့ကို ကြည့်လိုက်ပြီး
"မစ္စတာလျို့ ကျွန်တော် ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ?"

"မကြာသေးခင်ကပဲ ပေါ်ယွီ နာမည်ကြီးလာတယ်။သူ့ရဲ့သတင်းတွေကလည်း နေရာတိုင်းလိုလိုပျံ့နေပြီ"
မစ္စတာလျို့က ပေါပေါ့ပါးပါးပဲပြောလာတယ်
"လောင်ကျန်း ငါ့မှာလည်း မင်းလိုပဲ ကြယ်ပွင့်တွေကို ပျိုးထောင်ပေးနိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်ကွ"

မစ္စတာကျန်းက ရယ်ပဲရယ်ပြလာပြီး သူ့ကို ဘာမှပြန်မပြောလာချေ။

မစ္စတာလျို့ကလည်း ရယ်လိုက်ပြီး ခေါင်းကိုခါယမ်းလိုက်သည်။ထို့နောက် မှာပဲ သူ စကားလမ်းကြောင်း လွှဲလိုက်ပြန်သည်။
"ပြီးတော့ ငါကြားတာတော့ ပေါ်ယွီမှာ စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးတယ်ဆို။မင်း သူ့ကိုစာချုပ်ထပ်ချုပ်ဖို့ ပြောပြီးပြီလား?"

တကယ်လို့ ပေါ်ယွီသာ ငယ်ရွယ်တဲ့ဗိုလ်ချုပ်လေးဇာတ်လမ်းကြောင့် နာမည်ကြီးမလာဘူးဆိုရင် အေဂျင်စီက သူရဲ့စာချုပ်အသစ်နဲ့ပတ်သတ်ပြီး တစ်မျိုးလုပ်ပေလိမ့်မည်။ဒါပေမယ့် အခုအခြေအနေကတော့ ကွာခြားသွား၏။ပေါ်ယွီက ချက်ချင်းကြီးကို အောင်မြင်လာသလို သူ့ရဲ့အောင်မြင်မှုကလည်း အဓိကဇာတ်ဆောင်အမျိုးသားတွေကဲ့သို့ တဟုန်ထိုးပင်။ဒါကြောင့်လှုပ်ခါလိုက်တိုင်း ဒင်္ဂါးပြားတွေထွက်ကျလာမယ့် ရွှေပင်ငွေပင်ကြီးလိုသူ့ကို အေဂျင်စီကလက်လွှတ်ဖို့ဘယ်လိုမှမဖြစ်နိုင်ပေ။

ဒီရက်ပိုင်းအတောအတွင်း မစ္စတာကျန်းက ထိုကိစ္စကို စဥ်းစားမိသော်လည်း သူဟာ ကောက်ချက် မချနိုင်သေး။အကောင်းဆုံးကိုယ်စားလှယ်တစ်ယောက်အနေနဲ့တော့ အမျိုးသားသရုပ်ဆောင်နဲ့အမျိုးသမီးသရုပ်ဆောင်များအတွက် သူ့မှာတာဝန်အပြည့်ရှိလေသည်။ပြီးတော့ အခုလိုအောင်မြင်မှုနဲ့ဆို ပေါ်ယွီက စာချုပ်ဆက်ချုပ်ဖို့ သင့်တော်၏။

ဒါပေမယ့်လည်း ပေါ်ယွီက တင်းဖန်းနဲ့စာချုပ် ဆက်ချုပ်မချုပ် သူ သေချာမသိလေဘူး။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now