Pinch Frame

3K 440 31
                                    

(Unicode)

သုံးနာရီလောက်ရိုက်ကူးပြီးနောက် မှာတော့ ဧည့်သည်တွေနဲ့ အစီအစဥ်မှုးတွေက ပင်ပန်းလာတဲ့အတွက်ကြောင့် ဂိမ်းဆက် မဆော့တော့ပဲ အစီအစဥ်အစကနေ စကာယှဥ်တွဲပြီး ပြန်လည်ပြသလိုက်သည်။

ကျောင်လီက ချောင်းအသာဟန့်ကာ ပြောလာတယ်
"အိုကေ ဒီမှာရှိနေတဲ့ ပရိတ်သတ်ကြီးရော TVကနေ ကြည့်ရှုအားပေးတဲ့ ပရိတ်သတ်ကြီးကိုရော ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Webisteကိုလည်း ကျေးဇူးပြုပြီး ကြည့်ရှုပေးကြပါခင်ဗျ"

ချူးရှောင်ရှောင်ကလည်း သူ့စကားတွေကို အဆုံးသတ်အနေနဲ့ ကူညီပံ့ပိုးပေးတဲ့ စပွန်ဆာပစ္စည်းတွေကို ကြေညာပေးကာ အပြုံးတစ်ပွင့်နဲ့ ဆက်ပြော၏
"Breakup Challenge! Challenge your type ရေး"
(T/N:အဲ့ရှိုးရဲ့ ဆောင်ပုဒ်ပါ ကိုယ်ပြန်လိုက်ရင် ထောက်သွားမှာစိုးလို့ ဒီတိုင်းထားလိုက်ပါတယ်)

"နောက်တစ်ခေါက်ထပ်တွေ့ကြတာပေါ့"
အစီအစဥ်မှုးသုံးယောက်ဟာ တစ်သံတည်းအော်လိုက်ကြသည်။

ပေါ်ယွီ မှန်ရှေ့မှာ ထိုင်ကာ သူ့မိတ်ကပ်တွေကို ဖျက်လိုက်၏။ရန်ဖေးလာတာ မြင်တော့ သူမေးလိုက်တယ်
"နောက်ကျနေပြီ။မင်း အခုထိ မပြန်သေးဘူးလား"

"အခုက ဆယ်နာရီပဲရှိပါသေးတယ်။ကျွန်တော် အိမ်မှာ ဘာမှလုပ်စရာမရှိဘူး"
ရန်ဖေး နှုတ်ခမ်းကို ကိုက်လိုက်ကာ
"ညလယ်စာ အတူသွားစားချင်လား?"

ပေါ်ယွီ မျက်လုံးလှန်ကာ ရန်ဖေးကို တစ်ချက်ကြည့်လိုက်သည်။ပြီးမှ နောက် မှာ လင်းယီနဲ့ချူးရှောင်ရှောင် ရပ်နေတာကို တွေ့လိုက်ရ၏။စက္ကန့်ပိုင်းအတွင်းမှာပဲ ရန်ဖေးရဲ့ ရည်ရွယ်ချက်ကို သူ သဘောပေါက်သွားသည်။

လင်းယီနဲ့ ချူးရှောင်ရှောင် နှစ်ယောက်လုံးဟာ အနုပညာနယ်ပယ်မှာ စီနီယာကျလေသည်။သူတို့က လူပေါင်းများစွာကို သိသည့်အပြင် ရသစုံရှိုးကိုလာတဲ့ အဆိုတော် ကြယ်ပွင့်များနဲ့ အချိန်တိုင်းလိုလို တင်ဆက်ရ၏။ဒါကြောင့် ရန်ဖေးက သူတို့နဲ့ သူငယ်ချင်း လုပ်ချင်နေမှန်း အလိုလိုနားလည်သွားသည်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now